Chapter 197

1.7K 112 1
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (14) Chapter (196) သွေးယဇ်ပူဇော်ပွဲ၏ အစ

ရှန့်ကျန်းမြို့၏ သိုင်းပညာ ကွန်ရက်တွင် တိုက်ခိုက်ရေးသမား အားလုံးနီးပါး နောက်ဆုံးရ သတင်းကိုသာ အာရုံစိုက်နေကြသည်။

ထိုစဉ် ကွန်ရက်များ၌ စတင် ရေတွက်လာသည်။

"သုံးနာရီနဲ့ နှစ်ဆယ့်ငါးမိနစ်"

သုံးနာရီ ကျော်သွားသည်နှင့် တစ်နေ့တာ ကုန်ဆုံးသွားပြီး ယဲ့ဖန်သည်လည်း ကတိမတည်သူ ဖြစ်သွားပေလိမ့်မည်။

ကွန်ရက်တွင် ယဲ့ဖန်ကို ကျိန်ဆဲထားသည့် သတင်းများနှင့် ပြည့်နှက်လို့နေသည်။

"ငါ တကယ် စောက်ရမ်း ကံဆိုးတာပဲ … ကျန်းနန် စီရင်စုက ပုရွက်ဆိတ်က တော်တော် သူရဲဘောကြောင်တာပဲ … မနက်ဖြန်ဆို ရှန့်ကျန်း အင်အားစုက ကျန်းနန် စီရင်စုကို အပြတ်ရှင်းပစ်ပြီး ငကြောက် ယဲ့ဖန်ကို သတ်တော့မယ်"

"ဟဟ…သူက တကယ့်ကို ငကြောက်ပဲကွ…ရှန့်ကျန်းမြို့မှာ ဆရာသခင်အဆင့် ဆယ့်သုံးယောက် စုနေတာကိုလည်း ကြားရော သူ စောက်ရမ်း ကြောက်လာတာပဲ"

"ယဲ့ဖန် ငကြောက်"

ကွန်ရက်ပေါ်တွင် အမုန်းသတင်းများ ပို၍ ပို၍ များလာပြီး ရှန့်ကျန်းမြို့က တိုက်ခိုက်ရေး သမားများ ပို၍ စိတ်ကြီးဝင်လာကြသည်။

သူတို့သည် ယဲ့ဖန်က သူ့ကတိကို ဖောက်ဖျက်ရန် ဆုံးဖြတ်ထားပြီး ငကြောက်ဖြစ်လာရန် ဆုံးဖြသတ်လိုက်ပြီဟု သူတို့ အတည်ပြုမတတ် ဖြစ်နေကြသည်။

ရှန့်ကျန်းမြို့မှ တိုက်ခိုက်ရေးသမားများ ကွန်ရက်ပေါ်တွင် မုန်းတီးစွာ ဆွေးနွေး ပြောဆိုနေကြစဉ် အချိန်အတော်ကြာ တိတ်ဆိတ်နေသည့် ဖုန်းကလန်၏ အင်အားစုပေါ်တွင် သနားစရာ ဝိညာဉ် တစ်ခုက ဟိုယောင်ယောင် သည်ယောင်ယောင် လျှောက်သွားလို့ နေလေပြီ။

"အာ…. ထူးဆန်းလိုက်တာ … အစ်ကို ဖုန်းချမ့်က ခုနက ငါနဲ့ စကားပြောနေတာပါ။ ဘာလို့ အခု သူ လိုင်းပေါ်က ဆင်းသွားတာလဲ"

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now