Chapter 101

2.5K 218 2
                                    

#unicode

Chapter (101) ငါ သူ့ကို သတ်လိုက်သင့်တယ်ထင်တယ်!

သုံးရက်ကြာပြီးနောက်..

ဤရက်ပိုင်းတွင် ယဲ့ဖန်သည် အားကစားကွင်းရှိ မိုးမခင်ပင်သစ်ကိုင်းပေါ်တွင် လှဲ၍ နတ်ဆိုးမျက်လုံးများ ချီဓာတ်များကို စုပ်ယူ၍ ကျင့်ကြံခြင်း တိုးတက်လာအောင် လုပ်နေသည်။

အတန်းပြီးနောက် နေ့လည်ခင်းပိုင်းတွင် ယဲ့ဖန် သစ်ပင်ပေါ်မှ အသာအယာ ဆင်းလိုက်ပြီး သစ်ရွက်များက အောက်သို့ တဖျပ်ဖျပ် ရစ်ဝဲကျလာသည်။

ထူးဆန်းစွာပင် သစ်ရွက်များက ယဲ့ဖန်ကိုယ်နှင့် ထိခြင်းမရှိဘဲ ထက်ရှသော ဘလိတ်ဓားလေးများကဲ့သို့ အလွန်သေးသော အစိတ်အပိုင်းလေးများ ဖြစ်သွားကာ ထိလိုက်သည်နှင့် သေသွားနိုင်လောက်သည်။

သာမန်လူများသာ မြင်လျင် လုံးဝ အံ့ဩသွားလောက်သည်။

*ဆင်းရဲသား ရပ်ကွက်လား?*

မြို့အစွန်အဖျားသို့ ရောက်သောအခါ ယဲ့ဖန် ချက်ချင်းရပ်လိုက်သည်။

ဤနေရာသည် ကျန်းရှီမြို့၏ ဆင်းရဲသားရပ်ကွက် ဖြစ်ပြီး အန်းရှီ နေထိုင်သည့်နေရာလည်း ဖြစ်သည်။

"ငါ ဒီကောင်မလေးနဲ့ မဆုံတာ နှစ်ရက်တောင် ရှိပြီ"

ယဲ့ဖန် အန်းရှီအကြောင်း တွေးလိုက်မိသည်နှင့် နွေးထွေးစွာ ပြုံးလိုက်မိသည်။ ထို့နောက် သူက ပျက်စီးယိုယွင်းနေသော ဆလင်ဒါပုံစံ တိုက်ခန်းသို့ လျှောက်လာလိုက်သည်။
သူ ဖြည်းဖြည်းချင်း လာနေတုန်း အငြင်းပွားနေသံ အကျယ်ကြီးကို ကြားလိုက်ရသည်။

"အန်းရှီ… မင်း ဘာလို့ ခက်အောင် လုပ်နေတာလဲ? မင်း သခင်လေးစစ်ကို ငြင်းပယ်လို့ မရဘူးလေ။ သူက မင်းကို သဘောကျနေလို့ ညစာအတူစားဖို့ ဖိတ်နေတာကို"

ဒေါသသံနှင့် ယောကျ်ားတစ်ယောက်အသံ ထွက်ပေါ်လာသည်။

ထို့နောက် အန်းရှီ၏ အသံ ပြန်ထွက်လာသည်။

"ကျုံးချမ်း… သူ့ကို သွားပြန်ပြောလိုက်။ ငါ သူနဲ့ ဘယ်တော့မှ အတူမစားနိုင်ဘူးလို့။ အဲ့အကြောင်း မေ့လိုက်ဖို့ သူ့ကို ပြောလိုက်ပါ"

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now