Chapter 120

2.4K 229 7
                                    

စာစဉ် (8) Chaper (120) မင်းက တကယ် တစ်ခုခုတော့ တစ်ခုခုပဲ

*ဘာ*

မော့ထောင်ကို မြင်ပြီး ရှုထန့် မျက်လုံးပြူးသွားလေတော့သည်။ ယဲ့ဖန်၏ ထင်ကြေးတွေက မှန်နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။

မော့ထောင်က တကယ်ပဲ သူတို့နှစ်ယောက်ကို လာတွေ့တာပါလား။

*ဒါ … ဒါ လုံးဝ မဖြစ်နိုင်ဘူး*

ထို့နောက် မော့ထောင်က ယဲ့ဖန်အား နောင်တရနေသော အကြည့်ဖြင့်ကြည့်ကာ တောင်းပန်တိုးလျှိုးတော့သည်။

"လူငယ်လေး၊ မင်းကို စော်ကားမော်ကား ပြောဆိုမိတဲ့အတွက် ကျုပ်ကို ခွင့်လွှတ်ပါ။ ကျုပ် တောင်းပန်ပါတယ်။ လူငယ်လေး၊ ကျေးဇူးပြုပြီး ကျုပ်ကို ကယ်ပါဦး"

*ဘယ်လို*

ရှုထန့် စက္ကန့်ပိုင်းမျှ မှင်တက်သွားရသည်။ တရုတ်ပြည်တောင်ပိုင်းမှ သခင်လေးတစ်ယောက် ဖြစ်သောကြောင့် ရှုထန့်သည် မော့ထောင်၏ စိတ်ကို ကောင်းကောင်းသိသည်။

သူသည် အမြဲ မာနကြီးကာ အထက်စီးဆန်စွာ ဆက်ဆံတတ်သည်။ လူအနည်းငယ်ကသာ သူ၏ တလေးတစား ဆက်ဆံခြင်းကို ခံရသည်။ ထို့ကြောင့် သူ့အတွက် လူတိုင်းကို တောင်းပန်တတ်ဖို့က မလွယ်ကူပေ။

သို့သော်လည်း ယခု မော့ထောင့်က ယဲ့ဖန်ကို တလေးတစားဖြင့် တောင်းပန်နေသည်။

*ဒါ… ဒါ လုံးဝ မဖြစ်နိုင်ဘူး*

ယဲ့ဖန်က မော့ထောင်ကို စိုက်ကြည့်ရင်း အားပါးတရ ပြုံးကာ ပြောလိုက်သည်။

"မင်း လက်ကောက်ဝတ်တွေ ထုံမနေဘူးလား?"

ယဲ့ဖန်၏ အမေးကြောင့် မော့ထောင် ငိုချင်လာသည်။

*ထင်တဲ့အတိုင်းပဲ ယဲ့ဖန်က ငါ့အဖြစ်ကို ဟိုးအရင်ကတည်းက ရိပ်စားမိနေတာပဲ။ သူက ငါ့ကို ကိုယ့်သေတွင်းကိုယ် တူးနေတာပဲလို့ ပြောတာ အံ့ဩစရာ မရှိတော့ပါဘူး*

ယဲ့ဖန်က လက်ကောက်ကို ဝတ်လျင် ဖြစ်လာမည့် အကျိုးဆက်ကို သတိပေးခဲ့သည်ကို သူ ထပ်ခါထပ်ခါ သတိရလာသည်။ သို့သော်လည်း ထိုစဉ်က ယဲ့ဖန်၏ အကြံကို သူက လှည့်စားတာဟု ထင်ခဲ့မိသည်ပဲ။ ထို့ကြောင့် မော့ထောင် အလွန်အမင်း‌ နောင်တရလာသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now