Chapter 194

1.8K 166 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (၁၃) Chapter (194) လက်စားချေမည့်ည

တစ်ရက် ကုန်လွန်သွားလေသည်။

ယနေ့သည် ယဲ့ဖန် ရှန့်ကျန်းမြို့ကို ရှင်းလင်းပစ်မည်ဟု ကြွေးကြော်ထားသည့် သုံးရက်မြောက်နေ့ ဖြစ်သည်။

ရှန့်ကျန်းမြို့ရှိ သိုင်းပညာ အသိုင်းအဝိုင်း တစ်ခုလုံးက တိုက်ပွဲအတွက် ပြင်ဆင်နေ ကြလေသည်။

တိုက်ခိုက်ရေးသမား များစွာက ဆရာသခင်အဆင့်ရှိသောသူ ဆယ့်သုံးယောက်ကြောင့် ရှန့်ကျန်းမြို့ အထွက်အထိပ်သို့ ရောက်ရှိလာတော့မည်ဟု ယုံကြည်ထားကြသည်။

အွန်လိုင်းကွန်ရက်တွင်လည်း အသည်းအသန် ဆွေးနွေးပြောဆိုနေကြသည်။

"ဟဟ… ဒီနေ့က နောက်ဆုံးနေ့ပဲ၊ ယဲ့ဖန် တကယ် မလာရဲတော့ဘူး ထင်တယ်"

"ဟီးဟီး … ဆရာသခင်အဆင့် ဆယ့်သုံးယောက်က ရှန့်ကျန်းမြို့မှာ သူ့ကို စောင့်နေတယ်ဆိုတာကို သိလိုက်ရလို့ သူ ဘောင်းဘီထဲ သေးထွက်ကြနေလောက်ပြီလို့ ငါ လောင်းရဲတယ်"

"သူ လာလာ၊ မလာလာ သေမှာပဲ။ သူ သေကို သေရမယ်"

….

ရှန့်ကျန်းမြို့ကို ယဲ့ဖန် တကယ်လာလိမ့်မည်ဟု မည်သူမျှ ထင်မထားကြပါ။

ထို့ပြင် ရှန့်ကျန်းမြို့မှ သိုင်းပညာ ကွန်ရက်သည် ဤအကြောင်းကို အဓိက ထား၍ ဆွေးနွေးနေကြသည်။

တိုက်ပွဲနှင့် ပတ်သတ်သော ပို့စ့်များက ထိပ်ဆုံးရောက်နေသည်။

"ရှုကလန်ရဲ့ ဆရာသခင်အဆင့် ရှုဟွိုက်ရှန်က ရှန့်ကျန်းမြို့ကိုယ်စား ယဲ့ဖန်ကို သတ်ပစ်မယ်"

"ယွီပါ့က ရှန့်ကျန်းမြို့ ကိုယ်စား ယဲ့ဖန်ကို သတ်ပစ်မယ်"

"ဆရာသခင် အဆင့် ဖုန်းကျစ်ဝမ်ကလည်း ကျဆုံးသွားတဲ့ ရှန့်ကျန်းအင်အားစုရဲ့ ဝိညာဉ်တွေကို နှစ်သိမ့်ပေးဖို့ ယဲ့ဖန်ကို သတ်ပစ်မယ်"

….

တိုက်ပွဲနှင့် ပတ်သက်သော ပို့စ်များအား ဆရာသခင်အဆင့် ဆယ့်သုံးယောက်၏ ကလန်များမှ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now