Chapter 133

2.3K 181 2
                                    

စာစဉ် (9) Chapter (133) ယောကျ်ားဆိုတာ ပေးထားတဲ့ ကတိတည်ရတယ်!

ကျန်းရှီမြို့တွင် ဝံပုလွေရိုင်း၏ အဖွဲ့အစည်းသည် မြောက်ဘက်ခြမ်း၌ အင်အား အကြီးဆုံး မြေအောက်ဂိုဏ်း တစ်ခု ဖြစ်ပြီး တောင်ဘက်ခြမ်း တွင်တော့ ကျားခေါင်းအဖွဲ့က အင်အား အကြီးဆုံး ဖြစ်သည်။

သို့သော် ကျားခေါင်းအဖွဲ့ကို ထောက်ပံ့ပေးနေသည့်သူက တရုတ်ပြည် တောင်ပိုင်းမှ မော့ကလန် ဖြစ်သည်ဆိုတာကို သိသူ နည်းလှပေသည်။

ညနေခင်းနှောင်းပိုင်းလောက်တွင် ကျားခေါင်းအဖွဲ့၏ ဌာနချုပ်ရှိ ခန်းမထဲတွင် သွေးသံတရဲရဲနှင့် လူတစ်ယောက်ကို သံတိုင်၌ ချည်နှောင်လို့ထားသည်။

ထိပ်ပြောင်ပြောင်နှင့် လူသန်တစ်ယောက်က ထိုသွေးသံ တရဲရဲနှင့် လူကို အညှာအတာမဲ့စွာ ရိုက်နှက်နေသည်။

ဖြောင်း! ဖြောင်း! ဖြောင်း!

ထို ထိပ်ပြောင်သောသူသည် အလွန် ရက်စက်လှ၏။ သူ တစ်ချက် ရိုက်လိုက်တိုင်း သံတိုင်၌ အချည်ခံထားရသောသူ သွေးအန်ပြီး သနားစဖွယ် ကောင်းလောက်အောင် အော်ဟစ်ရသည်။ သူ့အသံကို ကြားသည့် သူတိုင်း ကြက်သီး တဖြန်းဖြန်း ထသွားရသည်။

"ကျားနက်၊ မင်း ယောကျ်ားဆိုရင် ငါ့ကို သတ်ပစ်လိုက်စမ်းပါ"

သံတိုင်၌ အချည်ခံ ထားရသော သက်လတ်ပိုင်း အရွယ် လူကြီးသည် အလွန် ဖြူရော်နေကာ တစ်ကိုယ်လုံး ဒဏ်ရာ ဒဏ်ချက်တွေ ကလည်း ဆိုးဆိုး ရွားရွားပင်။

သူက ထိပ်ပြောင်နေသော သူကို ကြုံးဝါးလို့နေ၏။

ထိုထိပ်ပြောင်နေသော သူသည် ကျားနက် ဖြစ်ပြီး ကျန်းရှီမြို့ တောင်ဘက်ခြမ်းရှိ မြေအောက်ဂိုဏ်းများကို ထိန်းချုပ်ထားသည့် သူပင် ဖြစ်ပေသည်။

သူ၏ ပြောင်နေသော ခေါင်းပေါ်တွင် ကြမ်းတမ်းသော ကျားနက်တစ်ကောင်၏ ပုံကို တက်တူး ထိုးထားသဖြင့် သူ့အား ပို၍ ရက်စက်ကာ မိစ္ဆာအသွင် ပေါက်လာစေသည်။

သက်လတ်ပိုင်းအရွယ် လူကြီး၏ အပြောကြောင့် ကျားနက်က အားပါးတရ ပြုံးကာ ပြောလိုက်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now