Chapter 8

4.3K 506 1
                                    

အပိုင်း (၈) မဟုတ်ဘူး..မဟုတ်ဘူး..မဟုတ်ဘူး...မင်း နားကြားလွဲတာနေမှာ

Grade 3 , Class 2 ရှေ့ ရောက်သောအခါ အခန်းထဲမှ ပွက်လောရိုက်သံတွေကို ကြားလိုက်ရသည်။

"ဟေး...မင်းတို့ ကြားပြီးကြပြီလား..ဟိုသုံးစားမရတဲ့ကောင် ပြန်လာပြီတဲ့...ဒီကောင် ပြန်လာရဲသေးတာပဲ"

"ဟုတ်ပါ့ကွာ...သူနဲ့ လင်းလန် ကြားက လိင်ကိစ္စ အတင်းအဖျင်း သတင်းက အမှားကြီးဆိုပင်မယ့် ကုန်းမိသားစုက သူ့ခြေထောက်ကို ရိုက်ချိုးပစ်မယ်လို့ ကြေငြာထားပြီးသားကွ"

"ပြီးတော့ ယဲ့မိသားစုကလည်း ဒေါသထွက်နေတာပဲ..သူတို့မိသားစု အကြီးအကဲတွေက သူ့ကို ယဲ့အိမ်က မောင်းထုတ်ပြီး မိသားစုဝင်စာရင်းထဲကတောင် ပယ်ဖျက်မယ်လို့ ကြေငြာထားသေးတယ်"

"ကျောင်းမှာရှိတဲ့ ကုန်းမိသားစုက သခင်လေးတွေက သူ့ကို သေချာပေါက် ရိုက်နှက်မှာပဲ"

....

အရနေရ အဖတ်မရ ဆွေးနွေးနေကြတာက ယဲ့ဖန် အကြောင်းပင်၊ သူတို့က သူ့အား ရယ်စရာ သတ္တဝါတစ်ကောင်လို သဘောထားနေကြသည်။

ထိုသို့ ပြောနေသံကို ကြားပြီးနောက် ယဲ့ဖန် သရော်ပြုံး ယဲ့ယဲ့ပြုံးကာ အခန်းထဲသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်သွားလိုက်သည်။

....

ယဲ့ဖန် ဝင်လာသည်နှင့် တစ်ခန်းလုံး ငြိမ်ကျသွားသည်။တစ်ခန်းလုံး၏ အကြည့်တွေက သူ့ထံ ရောက်နေကာ သူတို့က သူတို့ အထင်အမြင်သေး စပ်ဆုပ်သည့်သူအား ရယ်မောချင်သည့်အနေဖြင့် ကြည့်နေကြသည်။

လူအုပ်ထဲတွင် ယုဖေးနှင့် ကျုံးချမ်းကိုပါ ယဲ့ဖန် တွေ့လိုက်သည်။

ယဲ့ဖန်နှင့် ကျုံးချမ်းသည် Class 2 Grade 3တွင် အတန်းဖော်များ ဖြစ်သည့်အပြင် ကျုံးချမ်းသည် အတန်းခေါင်းဆောင် ဖြစ်နေသေးသည်။

ယဲ့ဖန်က သူတို့နှစ်ယောက်အား ကြည့်နေသည်ကို သတိထားမိသောအခါ နှစ်ယောက်လုံးသည် နက်ရှိုင်းစွာ နာကြည်းမုန်းတီးနေသည့်ဟန်ကို ပြသလာကြသည်။

အထူးသဖြင့် ကျုံးချမ်း၏ မျက်လုံးသည် ရက်စက်ယုတ်မာသည့်အသွင်ဖြင့် တောက်ပလာသည်။ ဘာကြောင့်မှန်းမသိ သူသည် ကျောင်းပေါက်ဝတွင် ဖြစ်ခဲ့သည့်ကိစ္စအား သတိရလာရင်း သရော်ပြုံး ယဲ့ယဲ့ပြုံးလာသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now