Chapter 177

1.9K 168 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (12) Chapter (177) ကျန်းနန်စီရင်စုအား သုံးရက်အတွင်း ဖယ်ရှားခြင်း

ကျန်းရှီမြို့၏ ဆင်ခြေဖုံး ရပ်ကွက်တွင်းတွင် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း နဖူးမှ ချွေးတဒီးဒီးကျနေသော လူတစ်ယောက် လမ်းမဘေး၌ ဖြည်းဖြည်းချင်း လမ်းလျှောက်လို့နေသည်။

ကြောက်မက်ဖွယ် ကောင်းသည်က ထိုသူ၏ ရင်အုံ ဘယ်ဘက်ခြမ်းတွင် သွေးများစွန်းနေသော အပေါက်တစ်ပေါက် ရှိနေသည်။

သူက ရှေ့သို့ ဆက်လျှောက်နေပြီး ယဲ့ဖန်သည် မြေကြီးပေါ်သို့ ထူးဆန်းသော ကျောက်တုံးများကို ဆက်၍ ပစ်ချနေသည်။

ထိုထူးဆန်းသော ကျောက်တုံးများတွင် ထူးဆန်းသော မှော်စာလုံးများကို ရေးထွင်းထားသည်။

"ဟူး…ဒီကျောက်တုံးတွေက တော်တော်ကို အရည်အသွေး ညံ့တာပဲ … ဒါနဲ့ လုပ်ထားတဲ့ ကိုးဆင့် သွေးဝင်္ကပါက ဆရာသခင်အဆင့်က သူတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ပါ့မလားဆိုတာ ငါ သေချာမသိဘူး"

ယဲ့ဖန် သေချာ တွေးတောနေရင်း မျက်မှောင် ကြုတ်လိုက်မိသည်။

ကိုးဆင့်သွေးဝင်္ကပါသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် မှော်စာလုံး ဖြစ်သည်။ ကျောက်တုံးများ၏ နိမ့်ကျသော အရည်အသွေးကြောင့် ကိုးဆင့် သွေးဝင်္ကပါသည် သူတို့၏ စုစုပေါင်း ခွန်အား၏ တစ်ထောင်ပုံတစ်ပုံလောက်သာ စွမ်းဆောင်နိုင်တော့သည်။

ယဲ့ဖန် အားနည်းလို့လာသည်။ ပြင်းထန်သော ဒဏ်ရာနှစ်ခုနှင့် တိုက်ပွဲဝင် ဝင်္ကပါကို ဖန်တီးရန် သူ၏ အားအင်များကို အလွန်အကျွံ သုံးစွဲလိုက်ရခြင်းကြောင့် သူ မြေကြီးပေါ် လဲကျမတတ် ဖြစ်နေပေသည်။

တစ်လှမ်း.. နောက်တစ်လှမ်း …

ယဲ့ဖန် ပို၍ နှေးကွေးစွာ လျှောက်လှမ်းနေပြီး သူ၏ ခန္ဓာကိုယ်ကလည်း ရေခဲထုထက် ပို၍ အေးစက်လာသည်။

ထိုစဉ် သူ့နှလုံးသားထဲ ဝင်ရောက်နေသည့် ရေခဲ ချီစွမ်းအင်သည် ခန္ဓာကိုယ်ရှိ အခြားအစိတ်အပိုင်းများထံသို့ နယ်ချဲ့လာသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now