Chapter 103

2.4K 225 0
                                    

#unicode

စာစဉ် (7) Chapter (103) အပေါက်လေးဘာလေး ချန်ထားခဲ့မလို့ပါ

ကျန်းရှီ မြူနီစီပယ် အကျဉ်းထောင်တွင် အဆိုးသွမ်းသုံး လူဆိုးလူမိုက်များအား ထောင်သွင်း အကျဉ်းချထားခြင်း ဖြစ်သည်။

အခန်း ၃၀၂!

အခန်းထဲရှိ ထောင်သားများက ထိပ်ပြောင်ပြောင်နှင့် လူမိုက်ကို ဝိုင်း၍ မေးနေကြသည်။

"တတိယအစ်ကိုကြီး အဲ့အဓိကပုဂ္ဂိုလ်ကြီးအကြောင်း မြန်မြန် ပြောပြပါတော့။ အရင်တစ်ခေါက်က ခင်ဗျား ဆုံးအောင် မပြောခဲ့တော့ ကျုပ်တို့ အခုထိ သိချင်နေကြသေးတာဗျ"

"ဟုတ်တယ်၊ တတိယအစ်ကိုကြီး သူက တကယ်ပဲ သန်မာတာလား?"

"ဘုရားရေ… ဝံပုလွေရိုင်းရဲ့ သခင်ကြီးက တကယ်အကြမ်းကြီးပါလား"

အကျဉ်းသားများအားလုံးသည် ကျန်းရှီမြို့၏ မြေအောက်လောကမှ ဂိုဏ်းသားများ ဖြစ်ကြသည်။ အကြောင်းအမျိုးမျိုးဖြင့် ထောင်ချခံနေရခြင်း ဖြစ်သည်။

ထိပ်ပြောင်ပြောင်နှင့်လူမိုက်က အခန်း၏ ဘော့စ်မှန်း သိသာလှသည်။

စပ်စုလိုသူများ ပတ်ပတ်လည်ဝိုင်းနေသည်ကို ကြည့်ပြီး ထိပ်ပြောင်ပြောင်နှင့်လူက ခေါင်းကုတ်၍ ပြုံးစစဖြင့် ပြောလိုက်သည်။

"ကျုပ် ကြွားတာတော့ မဟုတ်ဘူး၊ သူက တကယ့်ကို နတ်ဘုရားပဲကွ"

"ကျုပ် နှင်းဆီဘားကို ဝံပုလွေရိုင်းနဲ့ အတူသိမ်းပိုက်ဖို့ သွားခဲ့တုန်းကပေါ့ ရိုစ့်ရဲ့ ကိုယ်ရံတော် ကျားဘုရင်တောင် ဝံပုလွေရိုင်းကြောင့် ရှုံးသွားခဲ့တာ"

"အဲ့အချိန်မှာ အဲ့ဒီ အဓိကပုဂ္ဂိုလ်ကြီးက ဘယ်နေရာက ပေါ်လာလို့ ပေါ်လာမှန်း မသိတာ ကိုယ့်လူတို့ရ"

"ပြီးတော့ တစ်ချက်တည်းနော်၊ တစ်ချက်တည်းနဲ့ ဝံပုလွေရိုင်းကို လဲကျသွားအောင် ထိုးလိုက်တာ။ အဲ့အချိန်တုန်းက ဝံပုလွေရိုင်းလည်း ငေးငိုင်သွားသလို ငါတို့အားလုံးလည်း ကြောင်သွားကြတာ။ ငါတို့မျက်လုံးထဲမှာတော့ သူက နတ်ဘုရားပဲ"

ထိပ်ပြောင်ပြောင်နှင့် လူကြီးက အလွန်လေးစားသည့်ဟန်ဖြင့် ဆက်ပြောသည်။ "နောက်တော့ သူဌေးဖေးကို ကုန်းဝူက ပြန်ပေးဆွဲပါလေရော။ အဲ့အဓိကပုဂ္ဂိုလ်က ဝံပုလွေရိုင်းနဲ့ ငါတို့သုံးယောက်ကို ခေါ်ပြီး သူ့ကို သွားကယ်တော့တာပဲ။ ငါတို့ ကုန်းကလန်အတွက် အလုပ်လုပ်ပေးနေတဲ့ လက်ခြောက်ချောင်းမြွေနဲ့ ထိပ်တိုက်ကို တိုးတာပဲ"

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now