Chapter 110

2.5K 233 2
                                    

စာစဉ် (8) Chapter (110) သခင်ကြီး
* ဆန်းကြယ် ရေခဲ ခန္ဓာကိုယ်*
*စကြဝဠာထဲက ထိပ်တန်း ပြိုင်စံရှား ခန္ဓာကိုယ် ဆယ်ခုထဲက တစ်ခု*
ယဲ့ဖန် ထိတ်လန့်တကြား ဖြစ်သွားသည်။
*မယုံနိုင်စရာပဲ*
*ဖန့်ယင်းမှာက သက်ရှိအားလုံးကို အားအင် ဖြည့်ပေးနိုင်တဲ့ ကမ္ဘာဦး စိတ်ဝိညာဉ် ခန္ဓာကိုယ် ရှိတယ်*
*ရွှင်းအာမှာက စကြဝဠာထဲမှာ အဆိပ်အပြင်းဆုံး ခန္ဓာကိုယ် ဖြစ်တဲ့ ထိပ်တန်း အဆိပ် ခန္ဓာကိုယ် ရှိတယ်*
*အန်းရှီမှာက တစ်ကမ္ဘာလုံးကို အေးခဲသွားနိုင်စေတဲ့ ဆန်းကြယ် ရေခဲ ခန္ဓာကိုယ် ရှိတယ်*
*ကမ္ဘာမြေပေါ်မှာ စကြဝဠာထဲက ပုံမှန် မဟုတ်တဲ့ အရှားပါးဆုံးနဲ့ ပြိုင်စံရှား ခန္ဓာကိုယ် သုံးခုတောင် ရှိနေပါလား*
*ဒီ ခန္ဓာကိုယ် တစ်ခုချင်းစီတိုင်းက ကြယ်တာရာပေါင်းများစွာကို ဖြတ်ပြီး ရှာရင်တောင် တွေ့ဖို့ ခဲယဉ်းတဲ့ ခန္ဓာကိုယ်တွေ ချည်းပဲ*
*ဒါပေမယ့် ဒီ ပြိုင်ဘက်ကင်း ခန္ဓာကိုယ် သုံးခုက ကမ္ဘာမြေပေါ်မှာ တစ်ပြိုင်တည်း ပေါ်နေပါလား*
*ဒါ… အံ့ဩစရာပဲ*
ယဲ့ဖန် လုံးဝ အံ့ဩနေမိသည်။
ရုတ်တရက် အလွန် အရေးကြီးသော ကိစ္စတစ်ခုကို သူ သတိပြုမိသွားသည်။ ထိုအရာကတော့ ကမ္ဘာမြေသည် သူ ထင်ထားသလို မရိုးရှင်းဘူး ဆိုတာပင် ဖြစ်သည်။
*အဲ့လိုမှ မဟုတ်ဘူးဆိုရင် ဒီလောက် များပြားတဲ့ နဂါးငွေ့တန်းထဲမှာ ဘာလို့ ကမ္ဘာမြေပေါ်မှာပဲ ငါက ပြန်လည် မွေးဖွားလာရတာလဲ?*
*ပြီးတော့ ပြိင်စံရှား ခန္ဓာကိုယ် သုံးခုကို ငါ အချိန်တိုလေးအတွင်းမှာ ရှာတွေ့ခဲ့သေးတယ်*
*ဖြစ်နိုင်တာက … ကမ္ဘာမြေက ဒဏ္ဍာရီလာ နယ်မြေများလား…*
ယဲ့ဖန် ဖြစ်နိုင်ချေ ရှိသည်များကို တွေးတောရင်း သူ ကြက်သီး တဖြန်းဖြန်း ထလာသည်။
ယဲ့ဖန် ထင်ထားသည်က အမှန်သာဆိုလျင် ကမ္ဘာမြေသည် စကြဝဠာထဲတွင် ပြိုင်ဘက်ကင်းသော ဂြိုဟ်တစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော် ယဲ့ဖန် တွေးတောရန် အချိန်မရသဖြင့် ခေါင်း အသာအယာ ခါလိုက်သည်။
ခရက်!
ခရက်!
ရေခဲများက သူ့ကိုယ်မှ ကွာကျလာသည်။ ထို့နောက် အန်းရှီ၏ ထျန်းကျုံး သွေးကြောဆုံမှတ်၊ ပိုင်ဟွေ့ သွေးကြောဆုံမှတ်နှင့် ယင့်ထန် သွေးကြောဆုံမှတ် နေရာတို့ကို အားနှင့် ထိုးလိုက်သည်။
အေးစက်သော ချီဓာတ်များက အန်းရှီကိုယ်ထဲ ပြန်ဝင်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အေးစက်စက် ခံစားချက်က ဘာမှ မဖြစ်ခဲ့သလို ပျောက်ကွယ်သွားသည်။
အန်းရှီက ကြမ်းပြင်ပေါ်တွင် မျက်လုံးများ မှိတ်ထားလျက် အသက်ကို ညှင်း၍ ရှုနေကာ လဲနေဆဲ ဖြစ်သည်။
"မင်း … မင်း ဘယ်သူလဲ။ မင်း ဘာကြောင့် စစ်အိမ်တော်ထဲ အတင်းဝင်လာတာလဲ"
စစ်ရှောင်ထျန်းက ယဲ့ဖန်ကို စိုက်ကြည့်၍ အော်ဟစ်လိုက်သည်။
စစ်ကလန်၏ ခေါင်းဆောင်တစ်ယောက်အနေနှင့် တစ်စုံတစ်ယောက်က မထီလေးစား လုပ်ရဲလိမ့်မည်ဟု သူ ထင်မထားမိပါ။ ထို့အပြင် စစ်ကလန်၏ အိမ်တော်အတွင်း ချိုးဖြတ် ဝင်ရောက်လာရုံသာမက သူတို့က သွေးစွန်း ကြေးစား စစ်သည်အဖွဲ့ကိုပါ အမြစ်ဖြတ် သုတ်သင်ခဲ့သေးသည်။
ထို သွေးစွန်း ကြေးစား စစ်သည်အဖွဲ့ကို ငှားရမ်း၇ရန် စစ်ရှောင်ထျန်း အလွန် ငွေကုန်ကြေးကျ ခံခဲ့ရသည်။
သွေးစွန်း ကြေးစား စစ်သည်အဖွဲ့၏ အကူအညီဖြင့် တရုတ်ပြည် မြောက်ပိုင်းရှိ သူတို့၏ မူလ ကလန် ခေါင်းဆောင် ဖြစ်လာနိုင်လိမ့်မည်ဟု သူ ထင်ထားခဲ့မိသေးသည်။
သို့သော် သူ အားအထားရဆုံး အင်အားစုက ယဲ့ဖန်ကြောင့် ပျက်ဆီးသွားလေသည်။ ထို့ကြောင့် စစ်ရှောင်ထျန်း အလွန် ဒေါသထွက်နေ၏။
သူ့စကားကို ကြားသည်နှင့် ယဲ့ဖန်က ထိုင်ရာမှ အေးအေးဆေးဆေး ထကာ စစ်ရှောင်ထျန်း၊ သခင်လေးစစ်နှင့် ကျုံးချမ်းတို့ကို စိုက်ကြည့်လိုက်သည်။
"မင်းတို့အားလုံး သေသင့်တယ်"
သူ့စကားလုံးများက အလွန်အေးစက် တင်းမာလွန်းလှသဖြင့် စစ်ရှောင်ထျန်း၊ သခင်လေးစစ်နှင့် ကျုံးချမ်းတို့ ချက်ချင်းဆိုသလို နေရာမှာတင် တောင့်ခနဲ ဖြစ်သွားသည်။
ထိုစဉ် သခင်လေးစစ်က ထရပ်ကာ ယဲ့ဖန်အား တည့်တည့်စိုက်ကြည့်၍ ပြောလိုက်သည်။
"ယဲ့ဖန် ငါ မင်းအကြောင်းတွေ ကြားဖူးတယ်"
သခင်လေးစစ်က မနှစ်မြို့ဖွယ်ကောင်းသော အပြုံးမျိုးနှင့် ပြုံးကာ ဆက်ပြောလာသည်။
"မင်းက ငါ ထင်ထားတာထက် ပိုပြီး အင်အားကြီးနေတာပဲ။ အဲ့တော့ရော ဘာဖြစ်သလဲ? မင်း စစ်ကလန်ရဲ့ နောက်ခံကို သိလို့လား? မင်း ငါတို့ရဲ့ မူလ ကလန်ကို သိလို့လား?"
သခင်လေးစစ်က အားရဝမ်းသာ လှောင်ရယ်ကာ"မင်းသာ ဉာဏ်ကောင်းတဲ့သူဆိုရင် မင်းလူတွေကို ခေါ်ပြီး ဒီနေရာက ဒိုးလိုက်တော့။ မဟုတ်လို့ကတော့ ငါတို့ မူလကလန်က အင်အားကြီးသူတွေ ရောက်လာနဲ့ မင်း ပြန်မထွက်နိုင်ပဲ ဖြစ်သွားရမယ်။ အဲ့လိုဆို မင်းတို့အားလုံး သေသွားရလိမ့်မယ်"
"တကယ်လား?" ယဲ့ဖန်က ရယ်ချင်ပက်ကျိ မျက်နှာထားဖြင့် သရော်တော်တော် ပြုံးကာ မေးလိုက်သည်။
"မင်းတို့ သုံးယောက်အပြင် စစ်ကလန်မှာ မိန်းမ ၆ယောက်၊ ကလေး ၃ယောက်၊ အစေခံ ၇ယောက်နဲ့ သက်တော်စောင့် ၁၇ ယောက် ရှိတယ်"
ယဲ့ဖန်က ကျုံးချမ်းကို စိုက်ကြည့်၍ ခပ်တည်တည်ဖြင့် ဆက်ပြောလိုက်သည်။
"မင်းအပြင် ကျုံးကလန်မှာ လူပေါင်း ၇၂ ယောက်၊ ယောကျ်ား ၄၅ ယောက်၊ မိန်းမ ၂၁ ယောက်နဲ့ ကလေး ၆ ယောက် ရှိတယ်"
သူ့စကားကြောင့် စစ်ရှောင်ထျန်းနှင့် ကျုံးချမ်းတို့ နှစ်ယောက်လုံး နားဝေတိမ်တောင် ဖြစ်သွားသည်။
"မင်း ဘာပြောချင်တာလဲ?" စစ်ရှောင်ထျန်းက မျက်မှောင်ကြုတ်ကာ မသဲမကွဲ အသံဖြင့် မေးလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး" ယဲ့ဖန်၏ အပြုံးက ပို၍ ညစ်ကျယ်ကျယ် ဖြစ်လာသည်။
"စစ်ကလန်ဝင်တွေက ခင်ဗျားကြောင့် သေရတော့မယ်ဆိုတာကို သိစေချင်ရုံလေးပါ။ ကျုံးကလန်သားတွေလည်း ကျုံးချမ်းကြောင့် သေရတော့မယ် ဆိုတာကို သိစေချင်ရုံလေးပါ"

စစ်ရှောင်ထျန်း၊ သူ့သားနှင့် ကျုံးချမ်းတို့ အကြီးအကျယ် မျက်နှာပျက်သွားသည်။
*သူက ငါတို့ကလန်တွေကို လူမျိုးတုန်း သတ်ပစ်ချင်နေတာပဲ*
*ဒီကောင်က စစ်ကလန်နဲ့ ကျုံးကလန်ကို လူမျိုးတုန်း သတ်ဖြတ်ပစ်ချင်နေတာပဲ*

ကျုံးချမ်း၏ မျက်နှာက ချက်ချင်း ခက်ထန်လာကာ ယဲ့ဖန်ကို အော်ဟစ်လေတော့သည်။
"ယဲ့ဖန် မင်း ရူးနေလား? ငါ့မွေးစားအဖေက တရုတ်ပြည် မြောက်ပိုင်းက ထိပ်တန်းကလန်တစ်ခုရဲ့ ကလန်ခေါင်းဆောင် ဖြစ်လာတော့မှာကို မင်း သိလား။ မင်း ကြိုးစားကြည့်လိုက်လေ၊ ထိပ်တန်းကလန်က အင်အားကြီးသူတွေ ကျန်းရှီမြို့ကို ရောက်လာတာနဲ့ မင်း အသေပဲ။ ပြီးတော့ မင်းနဲ့ ပတ်သက်သမျှ သူအားလုံးလည်း သေစေရမယ်"
ကျုံးချမ်း၏ စကားများက အလွန် ရက်စက်လှသည်။ သို့သော် သူ့စကားကို ကြားသည်နှင့် ယဲ့ဖန်၏ မျက်လုံးက တင်းမာလာသည်။
"ငါ သူတို့ကို စောင့်နေပါတယ်။ သူတို့ထဲက တစ်ယောက် ရောက်လာရင် အဲ့တစ်ယောက်ကို ငါ သတ်မယ်။ သူတို့ထဲက ဆယ်ယောက် ရောက်လာရင် အဲ့ဆယ်ယောက်ကို ငါ သတ်မယ်။ ထိပ်တန်းကလန်က သူ အားလုံး ရောက်လာမယ်ဆိုလည်း အားလုံးကို ငါ သတ်ပစ်မယ်"

သူ့စကားကြောင့် စစ်ရှောင်ထျန်းတို့ သားအဖနှင့် ကျုံးချမ်းတို့ အလွန် ကြောက်လန့်သွားသည်။
*ရူးနေပြီ*
ယဲ့ဖန် ရူးသွားပြီဟု သူတို့ ထင်လိုက်မိကြသည်။
*တရုတ်ပြည်မြောက်ပိုင်းက ထိပ်တန်း ကလန်တစ်ခုကို သူက ဘယ်လိုလုပ် တိုက်ရဲမှာလဲ? ဒီကောင်တော့ ကိုယ့်သေတွင်း ကိုယ် တူးနေတာပဲ*
"နေဦး"
ထိုစဉ် တားမြစ်လိုက်သည့်အသံ ခပ်ကျယ်ကျယ်ကို ကြားလိုက်ရသည်။ ထို့နောက် လူတစ်စု ဝင်လာသည်။
ထိုလူစု၏ ခေါင်းဆောင်ကို မြင်သည်နှင့် စစ်ရှောင်ထျန်း ချက်ချင်း တက်ကြွလာသည်။
"အန်ကယ်လ်ကူး သိပ်နောက်မကျသေးပါဘူး၊ မြန်မြန်၊ ဒီလူကို အခု သတ်လိုက်ပါ။ သူက စစ်ကလန်ကို လူမျိုးတုန်း သတ်ဖြတ်ဖို့ လုပ်နေတာ"
စစ်ရှောင်ထျန်းက အကြီးအကဲကို သူ့အတွက် ကယ်တင်ရှင် ရောက်လာသည့်အလား ကြည့်ကာ ပျော်နေသည်။
သူ့ဘေးမှ သခင်လေးစစ်နှင့် ကျုံးချမ်းတို့ တောင်မှ အံ့ဩနေကြသည်။
သည်အဘိုးအိုက တရုတ်ပြည် မြောက်ပိုင်းရှိ သူတို့၏ မူလကလန်မှ အင်အားကြီးသူ ဖြစ်သည်ကို သူတို့ သိထားကြသည်။ သူ့အကူအညီနှင့်ဆိုချင် ယဲ့ဖန်နှင့် သူ့လူများ သေချာပေါက် သေသွားပေလိမ့်မည်။
ထို့ကြောင့် သူတို့နှစ်ယောက်က ယဲ့ဖန်၏ အဖြစ်ဆိုးကို မြင်ယောင်ပြီး ဝမ်းသာနေကြသည်။
သို့သော်!
ဖြန်း!
စစ်ရှောင်ထျန်း၏ စကားအဆုံးတွင် အဘိုးအိုက သူ့ကို အားနှင့် ရိုက်လိုက်သည်။
….
စစ်ရှောင်ထျန်း မှင်တက်သွားသည်။
သခင်လေးစစ်နှင့် ကျုံးချမ်းတို့လည်း အံ့ဩသွားကြသည်။
"အန်ကယ်လ် … အန်ကယ်လ်ကူး … ဘာ … ခင်ဗျား ဘာလုပ်တာလဲ"
စစ်ရှောင်ထျန်းက အဘိုးအိုကို မယုံနိုင်သည့်ဟန်ဖြင့် ကြည့်နေသည်။
သူသည် မူလကလန်ကို ပထမဆုံး ဆက်ခံခွင့် ရှိသူဖြစ်သည်။ သို့သော် သူ့အန်ကယ်လ်ကူးက ယခုလို သေရေးရှင်ရေး အခြေအနေမျိုး၌ သူ့ကို ကူညီရမည့်အစား သူ့ကို ရိုက်လိုက်သည်။
ဒါ… အံ့အားသင့်ဖွယ် ကောင်းလှသည်။
သို့သော် အဘိုးအိုက စစ်ရှောင်ထျန်းကို တစ်ချက်တောင် ပြန်မကြည့်ပေ။
သူ ချက်ချင်း ယဲ့ဖန်ရှေ့ ဒူးထောက်ချလိုက်ပြီး သူ့လူများကလည်း သူ့နည်းတူ ဒူးထောက်လိုက်ကြသည်။
"အရိုအသေပေးပါတယ် သခင်ကြီး ကျွန်တော်က ကူးယုပါ"
သူ့လူများကလည်း ပြိုင်တူ နှုတ်ဆက်လိုက်ကြသည်။
"အရိုအသေပေးပါတယ် သခင်ကြီး"
*ဘာ*
စစ်ရှောင်ချန်းတို့ သားအဖနှင့် ကျုံးချမ်းတို့ လုံးဝ မှင်တက်သွားကြသည်။
*သခင်ကြီး*
*ယဲ့ဖန်က ဘယ်လိုလုပ် ငါ့ မူလကလန်ရဲ့ သခင်ကြီး ဖြစ်နေရတာလဲ*
အခန်းထဲရှိ လူတိုင်း အံ့အားသင့်သွားကြသည်။
ယဲ့ဖန်တောင်မှ ခဏလောက် ကြောင်သွားရသည်။ သူ့အေးတိအေးစက် မျက်လုံးကို မှေး၍ သူ့ရှေ့မှ အဘိုးအိုကို ကြည့်လိုက်သည်။
သူသည် စစ်ခုန်ကလန်မှ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သည့် အဘိုးကူးပင် ဖြစ်သည်။
"သူတို့ကို စစ်ခုန်ကလန်က ပိုင်တာလား?"
ယဲ့ဖန်၏ အသံက အရိုးအေးခဲ မတတ် အေးစက်လှသည်။
အဘိုးကူးနှင့် သူ့လူများ ချက်ချင်း ကတုန်ကယင် ဖြစ်လာသည်။
"စိတ်အေးအေးထားပါ သခင်ကြီး။ စစ်ကလန်က စစ်ခုန်ကလန်ရဲ့ ကလန်ငယ်လေး တစ်ခုပါ။ စစ်ခုန်ထို့နဲ့ အကြီးအကဲ ငါးယောက်ကို သခင်ကြီး သတ်လိုက်ပြီးတဲ့ နောက်ပိုင်း ကျွန်တော်တို့က စစ်ရှောင်ထျန်းကို စစ်ခုန်ကလန် ခေါင်းဆောင်အဖြစ် တင်မြှောက်ဖို့ ပြင်ထားတားပါ။ မမျှော်လင့်ပဲ သူက သခင်ကြီးကို ရန်စမိပြီးသား ဖြစ်နေတာပါ"
အဘိုးကူးနှင့် သူ့လူများ ကြောက်လန့်တကြားနှင့် ဆက်၍ ဒူးထောက်နေကြသည်။
"ကျွန်တော်တို့ အခုလေးတင် သတင်းရခဲ့တာပါ။ ကျွန်တော်တို့ အပြစ်ကို ခံယူဖို့ လာတာပါ"

သူ့စကားကြောင့် စစ်ရှောင်ထျန်း၊ သခင်လေးစစ်နှင့် ကျုံးချမ်းတို့ နားဝေတိမ်တောင် ဖြစ်သွားကြသည်။
စစ်ခုန်ထို့နှင့် အကြီးအကဲ ငါးယောက်ကို ယဲ့ဖန် သတ်လိုက်သည် ဟူသည့် သတင်းက သူတို့ကို အလွန် ကြောက်လန့်စေကာ ဖင်ထိုင်ရက် လဲကျမတတ် ဖြစ်သွားစေသည်။
ထိုအခါမှသာ အဘယ်ကြောင့် အဘိုးကူးက စစ်ရှောင်ထျန်းကို စစ်ခုန်ကလန် ခေါင်းဆောင်အဖြစ် တင်မြှောက်ဖို့ လုပ်သလဲဆိုတာကို နားလည်သွားတော့သည်။
စစ်ရှောင်ထျန်းတို့ သားအဖနှင့် ကျုံးချမ်းတို့ အလွန်အမင်း ကြောက်လန့်ကာ ငိုချင်လာကြသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now