Chapter 71

2.6K 285 1
                                    

#unicode

စာစဉ် (5) Chapter (71) ဒီမကောင်းဆိုးဝါးက ဘယ်သူလဲ!
*ဒီလိုဆိုမှတော့ သေပေတော့!*
ထို့နောက် သက်လတ်ပိုင်းအရွယ် လူကြီး၏ မျက်လုံးမှ ကြောက်မက်ဖွယ်ကောင်းသော အလင်းတစ်ချို့ ဖြတ်ပြေးသွားသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏ ဒေါသထွက်နေသော မျက်နှာမှ ဓားအိမ်ထဲမှ ထွက်လာသော ဓားကဲ့သို့ ထက်မြက်၍ ခက်ထန်လာကာ အာရုံစူးစိုက်မှုအပြည့်နှင့် ရှိနေသော မျက်နှာထားကဲ့သို့ ပြောင်းလဲသွားသည်။

မည်သူမှ သူ၏ လှုပ်ရှားမှုကို သတိမထားမိသေးသည့်အချိန်တွင် ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးက ယဲ့ဖန်ထံသို့ လက်သီးတစ်လုံး ပြင်းထန်စွာ ပစ်သွင်းလိုက်သည်။
လေတိုးသံနှင့်အတူ သူ၏ လျင်မြန်သော လက်သီးမှ ထက်မြက်၍ သန်မာသော ချီဓာတ်များ နိုးကြွလာသည်။ ထို့ကြောင့် ကြည့်နေသောသူများအားလုံး ပါးတောင် ကျိန်းချင်ချင် ဖြစ်သွား၏။
အခန်းထဲရှိ သူများအားလုံး အသည်းအသန် ရှောင်ကြသည်။
ဖြောင်းခနဲ မြည်သံနှင့်အတူ သူ့လက်သီးကြောင့် ဆိုဖာတစ်ခုလုံး နှစ်ခြမ်းကွဲသွားကာ အခန်းတွင် ဖုန်မှုန့်များ၊ ဝါဂွမ်းစများနှင့် ပြည့်နှက်သွားသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ် အဖြစ်အပျက်အား ကြည့်နေရင်း ဘေးမှ သူများအားလုံး မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်သွားကြသည်။ သူသာ တစ်ယောက်ယောက်ကို ထိုးလိုက်လို့ကတော့ အဲ့လူ သေချာပေါက် ကိုယ်နှစ်ခြမ်း ကွဲသွားနိုင်သည်။
သူ့လက်သီး၏ ဦးတည်ရာကို ကြည့်ပြီး အားလုံး မျက်ခုံး ပင့်မိသွားသည်။
*ယဲ့ဖန်..သေ..သေသွားပြီလား?*
မည်သူမျှ ယဲ့ဖန် လှုပ်ရှားလိုက်သည်ကို မမြင်လိုက်သဖြင့် သူ အသတ်ခံလိုက်ရပြီဟု သူတို့ ထင်လိုက်ကြသည်။
"ယဲ့ဖန်!"
ဖန့်ယင်း၏ မျက်နှာတွင်လည်း သွေးမရှိတော့သလို ဖြူရော်နေကာ အရမ်းကို နောင်တရနေသည်။
ထိုသက်လတ်ပိုင်းအရွယ် လူကြီး၏ တိုက်ကွက် တစ်ကွက်တည်းနှင့် ယဲ့ဖန် သေသွားလိမ့်မည်ဟု သူမ မယုံနိုင်ခဲ့ပါ။
သခင်လေးထန့်၊ အားဆန်၊ စန်းပျောင်နှင့် အခြားသော သူဌေးသားများက အပျော်လွန်နေသည့်ဟန်ဖြင့် ပြုံးပျော်နေကြသည်။
*သူသေပြီ! အဲ့ကောင်‌တော့ အသတ်ခံလိုက်ရပြီ!*
သို့သော် အလေးအနက် ဖြစ်နေသည့် ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီး၏ မျက်နှာထားအား သတိထားမိပြီး သူတို့ နှလုံးခုန်မြန်လာသည်။
ထိုစဉ် တည်ငြိမ်သော အသံတစ်သံကို သူတို့ ကြားလိုက်ရသည်။
"ခင်ဗျားရဲ့ လက်သီးက ထက်ရှပင်မယ့် အတွင်းအား နည်းနေတယ်။ ပုံပျက်ပန်းပျက်နဲ့ ဒီအတိုင်း သာမန်ပါပဲ"
*ဘာ!*
သူ့အသံကို ကြားလိုက်ရသဖြင့် သူတို့ ခပ်သွက်သွက် နောက်လှည့်ကြည့်လိုက်ကြသည်။
ရုတ်တရက် ယဲ့ဖန်က သူတို့အနောက်နား ရောက်နေပြီး အားရပါးရ ပြုံးနေသည်။
*သူ…ဘယ်လို ရှောင်လိုက်တာလဲ?*
အားလုံး မယုံသင်္ကာဖြစ်သွားကြသည်။
ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီး လက်သီးနှင့် ထိုးလိုက်သည့်အချိန်က တစ်စက္ကန့်၊ နှစ်စက္ကန့်လောက်သာ ရှိသော်လည်း  ထိုလက်သီးချက်အား ယဲ့ဖန် ရှောင်လိုက်သည်ကို ဘယ်သူမှ မမြင်လိုက်ကြပါ။
*ဒါပေမယ့် သူ ဘယ်တုန်းက ငါတို့နောက်ကို ရောက်နေတာလဲ?*
အားလုံးက ယဲ့ဖန်အား သရဲမြင်လိုက်သလို ကြည့်နေကြသည်။
ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးတောင် မျက်ခုံးပင့်မိသွားသည် "ဘယ်လိုတောင် မြန်နေတာလဲ?"
ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးက ယဲ့ဖန်၏ မျက်လုံးအား ကြမ်းကြုတ်စွာ စိုက်ကြည့်ပြီး အော်လိုက်သည်။
"ဒါပေမယ့် မင်း သေရမှာက သေရမှာပဲ"
ထို ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးက သူ၏ လက်သီး၊ တံတောင်ဆစ်၊ ဒူးနှင့် လက်ဖဝါးတို့ကို အသုံးပြုပြီး နောက်ထပ် တစ်ပတ်လည် ကန်ချက်ကို ထုတ်ဖော်လိုက်သည်။
သားရဲရိုင်းတစ်ကောင်ကဲ့သို့ သူ တစ်ခါ ကန်လိုက်သည်နှင့် အနီးအနားရှိ စားပွဲများ ကျိုးသွားသည်။
သူက တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသည့် သားရဲတစ်ကောင်လိုပင် ဖြစ်သည်။
ဘန်း! ဘန်း! ဘန်း!
တစ်ခန်းလုံး ဖုန်များ အကျိုးအပဲ့များနှင့် ပြည့်နှက်လာသည်။
သို့သော် နောက်ထပ် အံ့ဩဖွယ် မြင်ကွင်းက ထပ်မံပေါ်ပေါက်လာသည်။
ယဲ့ဖန်က အလင်းတန်းကဲ့သို့ လျင်မြန်စွာ ရှောင်ရှားနေလေ၏။
သက်လတ်ပိုင်းအရွယ် လူကြီး၏ မည်သည့် ထိုးနှက်ချက်ကမှ ယဲ့ဖန်ကို ထိကို မထိပေ။
"ခင်ဗျားရဲ့ ပထမ လှုပ်ရှားမှုက ခင်ဗျားက ခွန်အားနဲ့ အရှိန်ကို မထိန်းချုပ်နိုင်ဘူး"
"ဒုတိယအကွက်ကတော့ ခင်ဗျား အတွင်းအား မထိန်းချုပ်နိုင်ဘူး"
"တတိယလှုပ်ရှားမှုမှာကျတော့ ခင်ဗျားက တိကျမှုနဲ့ ခင်ဗျားခြေထောက်ကို တည်ငြိမ်အောင် မထားနိုင်ဘူး"

ယဲ့ဖန်၏ ဝေဖန်ချက်များကို ကြားပြီး အားလုံး အလွန်အမင်း ထိတ်လန့်သွားကြသည်။
ယဲ့ဖန်က တိုက်ကွက်တိုင်းကို အလွယ်တကူ ရှောင်ရှားနေသည်။
သူ၏ စကားတစ်ခွန်းချင်းစီတိုင်းက ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီး၏ အားနည်းချက်တွေကို ထောက်ပြနေသည်။
သူ့စကားကြောင့် ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီး၏ နဖူးတွင် ချွေးများဖြင့် စို့နေပြီး မျက်လုံးအပြူးသားနှင့် မှင်သက်နေပုံ ရသည်။
မြန်တယ်! ပိုမြန်တယ်! ပိုပိုမြန်လာတယ်!
ယဲ့ဖန်၏ အရှိန်က ပို၍ လျင်မြန်လာသည်။
သူ ယဲ့ဖန်ကို ဘယ်လောက်ပဲ တိုက်တိုက် သူ့ဆံပင်ကို ယောင်လို့တောင် မထိပေ။
"သောက်ကျိုးနည်း…"
ဒီလောက် မြန်သည့်သူမျိုး သက်လတ်ပိုင်းအရွယ် လူကြီး သူ့တစ်ဘဝလုံး မကြုံဖူးခဲ့ပေ။
ပို၍ ကြောက်လန့်ဖွယ်ကောင်းသည်က သူ့ပြိုင်ဘက်က လက်ကလေးတောင် မမြှောက်ဘဲ သူ၏ တိုက်ကွက် သုံးကွက်မှ အားနည်းချက်များကို ပြောပြနေသည်။
ဒီလောက် ထိုးထွင်းမြင်နိုင်စွမ်းက တိုက်ခိုက်သူကို သွေးခဲသွားစေသည်။
သူသည်သာ မဟုတ် အခန်းထဲရှိ သူများအားလုံး မှင်တက်သွားကြသည်။
ဒီလောက် လျင်မြန်သည့်သူမျိုး ရှိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပါ။ ယဲ့ဖန်က အခန်းထဲတွင် အရိပ်သဖွယ် လှုပ်ရှားနေပြီး ပြိုင်ဘက်၏ နောက်ထပ်တိုက်ကွက်ကို ခန့်မှန်းနိုင်သည်။
ယဲ့ဖန်၏ လွယ်ကူတုံ့ပြန်နိုင်မှုက အားလုံးကို ထိတ်လန့်သွားစေသည်။
အထူးသဖြင့် သခင်လေးထန့်နှင့် စန်းပျောင်တို့ အကြီးအကျယ် ထိတ်လန့်သွားစေသည်။"မ..မဖြစ်နိုင်ဘူး! သူ ဘာလို့ ဒီလောက် မြန်မြန် လှုပ်ရှားနိုင်တာလဲ? မစ္စတာထူက သူ့ကို နည်းနည်းလေးတောင် ထိခိုက်အောင် မလုပ်နိုင်ဘူး! မဖြစ်နိုင်လိုက်တာ!"
သခင်လေးထန့်သည် ထိုဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီး၏ တိုက်ပွဲဝင်စွမ်းအားကို နားလည်သည်။ သူသည် တရုတ်ပြည်တောင်ပိုင်းတွင် ပြိုင်ဘက်ကင်းသူ ဖြစ်သော်လည်း ယဲ့ဖန်အား နည်းနည်းလေးတောင် ထိအောင် မလုပ်နိုင်ပါ။
*မ…မဖြစ်နိုင်ဘူး!*
စန်းပျောင်တစ်ယောက် မျက်နှာပြာနှမ်းလာကာ ထိုင်ချလိုက်ပြီး ရေရွတ်နေသည်။ "ဆရာက သူ့အစွမ်းကုန် တိုက်နေတာကို ဒါပေမယ့်…"
သူ့နှင့် တိုက်စဉ်အခါတုန်းက ယဲ့ဖန် အားကုန်မသုံးခဲ့သည်ကို စန်းပျောင် သတိပြုလိုက်မိသည်။ ယဲ့ဖန်က သူ့ကို သဲအိတ်တစ်အိတ်လို သဘောထားခဲ့တာပဲ။
*ကြောက်ဖို့ကောင်းလိုက်တာ*
*ဒီလူက အရမ်း ကြောက်ဖို့ကောင်းတယ်*
စန်းပျောင် တုန်လှုပ်သွားသည်။ အင်အားကြီးသူ တော်တော်များများကို သူ မြင်ဖူးသော်ငြားလည်း ယဲ့ဖန်လို ခွန်အားမျိုးနှင့်သူကိုတော့ သူ မမြင်ခဲ့ဖူးချေ။
ဖန့်ယင်းသည်လည်း ပါးစပ်ကို လက်ဖြင့်အုပ်ကာ တအံ့တဩနှင့် ရေရွတ်မိသည်။ "တော်လိုက်တာ! ဒီကောင် ဘယ်တုန်းကတည်းက အဲ့လောက် တော်နေတာလဲ!"
ဖန့်ယင်း မှတ်မိသလောက် ယဲ့ဖန်က ဆေးပညာ တစ်ချို့တစ်လေကိုလည်း သိသလို စန္ဒရားလည်း ကောင်းကောင်းတီးတတ်သည်။ သို့သော် သူ့မှာ ဒီလောက် တိုက်ပွဲဝင် ခွန်အားမျိုး ရှိနေလိမ့်မည်ဟု သူမ မထင်ထားမိပါ။
*သူ့မှာ လျှို့ဝှက်ချက်တွေ ဘယ်လောက် များများရှိနေတာလဲ?'
ဖန့်ယင်း တွေဝေစွာ ညည်းတွားလိုက်မိသည်။ သူမစိတ်ထဲတွင် ယဲ့ဖန်က ပဟေဠိပုစ္ဆာတစ်ပုဒ်လိုပင် ဖြစ်သည်။

ကျန်သူများ အူကြောင်ကြောင် ဖြစ်နေစဉ် ယဲ့ဖန်က ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီး၏ တိုက်ကွက် သုံးကွက်ကို ရှောင်ပြီးနေပြီ ဖြစ်သည်။
"ခင်ဗျားက အခုတလော ကျုပ် ရင်ဆိုင်ခဲ့တဲ့သူတွေထဲက တကယ့်ကို သန်မာတဲ့သူပဲ။ ကျုပ် ခင်ဗျားကို လေးစားတဲ့အနေနဲ့ တိုက်ကွက် သုံးကွက် အကြောပေးခဲ့တယ်"
ယဲ့ဖန်က ပြုံး၍ ပြောလိုက်ပြီး ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးအား စိုက်ကြည့်ကာ စဉ်းလဲသော မျက်လုံးများနှင့် "အခု သုံးကွက်လုံး ပြီးသွားပြီဆိုတော့ ကျုပ်အလှည့်ပဲ"

သူ့အပြောကြောင့် ကျန်သူများ တိတ်ကျသွားသည်။
ယဲ့ဖန်က ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးအား မုဆိုးက သားကောင်ကို ကြည့်သလို ကြည့်နေသည်ဟု သူတို့ထင်မိသည်။ ယဲ့ဖန်၏ ပြင်းထန်သော တိုက်ပွဲဝင်အားက အားလုံးကို ကြောက်ဒူးတုန်စေသည်။
ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးတောင်မှ မျက်နှာ နီမြန်းလာကာ တောင့်တောင့်ကြီး ဖြစ်နေသည်။
တစ်စက္ကန့်မျှကြာသောအခါ မဖော်ပြနိုင်သော သေစေနိုင်လောက်သည့် ချီဓာတ်များက ဖိုသီဖတ်သီနှင့် သက်လတ်ပိုင်းအရွယ် လူကြီးအနား ဝန်းရံလာသောကြောင့် သူ ကြယ်သီး တဖြန်းဖြန်းထလာသည်။
"အာ…ဒီမကောင်းဆိုးဝါးက ဘယ်သူပါ့လိမ့်?"
သက်လတ်ပိုင်းအရွယ် လူကြီက အလွန်လေးနက်သော မျက်နှာထားနှင့် သူ၏ အကောင်းဆုံး ခုခံမှု ပုံစံကို ဖော်ထုတ်လိုက်သည်။
ထိုစဉ် အနက်ရောင် အရိပ်တစ်ခုက သူ့နား လှစ်ခနဲ ရောက်လာသည်။
ယဲ့ဖန်က သူ့ရင်ဘတ်အား လက်ဖဝါးဖြင့် အားနှင့် ရိုက်ချလိုက်သည်။
သက်လတ်ပိုင်းအရွယ် လူကြီး၏ ရင်ဘက်တွင် ယဲ့ဖန်၏ လက်ဖဝါးရာကြီးက အထင်းသား ပေါ်လာပြီးနောက် အရုပ်တစ်ရုပ်လို နံရံဘက်သို့ လွင့်ထွက်သွားပြီးမှ ကြမ်းပြင်ပေါ် ပြန်ကျလာသည်။
ယဲ့ဖန်က သူ့ကို တစ်ချက်တည်းနဲ့ အနိုင်ပိုင်းလိုက်တာပဲ!
တစ်ခန်းလုံး အပ်ကျသံတောင် မကြားရတော့ဘဲ တိတ်ဆိတ်သွားလေတော့သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now