Chapter 181

1.7K 155 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (13) Chapter (181) သွေးစွန်းတိုက်ပွဲ၏ နိဒါန်း

ယဲ့ဖန်အိမ်ဝန်းရှိ လေထုသည် အလွန်ညှိုးငယ် ထိုင်းမှိုင်းလို့နေသည်။
အန်းရှီ၊ ညအဖွဲ့မှ အရှင်သခင် သုံးယောက်နှင့် အခြားသူများ အားလုံး ယဲ့ဖန်၏ ဧည့်ခန်းတွင် ဝမ်းနည်းပူဆွေးနေသော မျက်နှာများဖြင့် ထိုင်နေကြသည်။

"သတင်းထူး…"

ထိုစဉ် ညအဖွဲ့သားတစ်ယောက် သုတ်သီးသုတ်ပျာနှင့် အခန်းထဲ ဝင်လာသည်။

"အခြေအနေ ဘယ်လိုရှိလဲ"

ကျားငါးမန်း သခင်က ထိုင်ခုံမှ ထကာ ပင်ပန်းနေသော မျက်နှာဖြင့် မေးလိုက်သည်။

ညအဖွဲ့သားက အသည်းအသန် ပြန်ပြောလာသည်။

"ရှန့်ကျန်းအင်အားစုက တိုက်ပွဲဝင် ဝင်္ကပါရဲ့ ပထမအဆင့်ကို ချိုးဖောက်သွားပါပြီ"

သူ့စကားက အခန်းထဲ ပဲ့တင်ထပ်သွားပြီးနောက် အခန်းထဲရှိ လေထုက ပို၍ ထိုင်းမှိုင်း လာသည်။

သို့သော် ဤသည်ကား အစသာ ရှိချေသေးသည်။ ငါးမိနစ်ခန့် ကြာသောအခါ…

နောက်ထပ် အဖွဲ့သား တစ်ယောက်က အခန်းထဲ ပြေးဝင်လာကာ အလေးအနက် မျက်နှာထားဖြင့်

"သတင်းသစ် … တိုက်ပွဲဝင် ဝင်္ကပါရဲ့ ဒုတိယအဆင့်က လီကျိုးယောင်ကြောင့် ပျက်စီးသွားပါပြီ"

ထို့နောက် သိပ်မကြာခင်တွင်

"သတင်းသစ် … တိုက်ပွဲဝင် ဝင်္ကပါရဲ့ တတိယအဆင့်က ဆရာသခင် တစ်ပိုင်းအဆင့် ခြောက်ယောက်ကြောင့် ပျက်စီးသွားပါပြီ"

"သတင်းသစ် … တိုက်ပွဲဝင် ဝင်္ကပါရဲ့ စတုတ္ထအဆင့်က လီကျိုးယောင်ကြောင့် ပျက်စီးသွားပါပြီ"

သတင်းဆိုးများက တစ်ခုပြီးတစ်ခု ဝင်ရောက်လာသည်။ သတင်းများ ဆက်တိုက် ရောက်လာသည်နှင့် ဧည့်ခန်းမတွင်းရှိ လေထုသည် ပို၍ လက်မှိုင်ကျကာ ထိုင်းမှိုင်းလာသည်။

မိနစ်အနည်းငယ်ခန့် ကြာပြီးနောက်တွင် သူတို့ နောက်ထပ် သတင်းသစ်ကို ရရှိလိုက်ကြသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now