Chapter 188

1.8K 178 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (13) Chapter (188) ကျုပ် ကျုပ်ကတိကို မဖျက်တတ်ပါဘူး

ဂလု!

ရှန့်ကျန်းမြို့မှ လူထုသည် ယဲ့ဖန်က မာစတာလီ၏ မူလ သလင်းကျောက်အား ဝါးစားနေသည်ကို ကြည့်ပြီး သူတို့ မျက်နှာများက အလွန် ထိတ်လန့်ပုံပေါ်လာကာ တံတွေးကို မနည်း မြိုချနေကြသည်။

ဤကဲ့သို့ လူထူးလူဆန်းကောင်က မာစတာလီ၏ မူလ သလင်းကျောက်အား ခုခံနိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားမိပါ။

"မဖြစ်နိုင်ပါဘူး … သူက မကောင်းဆိုးဝါး မို့လို့လား"

"မြတ်စွာဘုရား … ရူးနေပြီ … အဲ့ကောင် ရူးနေပြီ"

"အံ့ဩစရာပဲ … ဒီလောက် ကြောက်စရာကောင်းတဲ့လူကို ရှန့်ကျန်းက ဘယ်လိုလုပ် ရန်စသွားမိတာလဲ"

ဤတိုက်ရိုက် သတင်းထုတ်လွှင့်မှုအား ကြည့်ရှုနေသည့် မြို့သူမြို့သား များစွာက ဤမျှ ထူးဆန်းသည့် လူ ကမ္ဘာဂြိုဟ်ပေါ်မှ ရှိနေလိမ့်မည်ဟု ဘယ်သောအခါမှ ထင်မှတ် မထားမိပါ။

သူတို့မျက်လုံးထဲတွင် ယဲ့ဖန်သည် သေချာပေါက်ကို မကောင်းဆိုးဝါးပင်။
သို့သော် ထိုအချိန်တွင် စူးရှသော အော်သံတစ်ခုကြောင့် လူတိုင်း ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်လာသည်။

ထို့နောက် ရှန့်ကျန်းမြို့မှ ကြည့်နေသူများ သူတို့၏ ဖုန်း၊ ရုပ်မြင်သံကြားစက်တို့၏ မျက်နှာပြင်ကို သေချာကြည့်လိုက်သောအခါ လီကျိုးယောင်၏ ရင်ဘတ်မှ သွေးများနှင့် ဒဏ်ရာတစ်ခုကို မြင်လိုက်ရသည်။

"သေစမ်း"

လီကျိုးယောင်၏ မျက်နှာက အလွန်အမင်း ဖြူရော်လာကာ သူ့မျက်လုံးထဲတွင် ထိတ်လန့်ကြောက်ရွံ့နေဟန်များ စိုးမိုးလို့လာသည်။

အကယ်၍ သူ၏ မူလသလင်းကျောက်အား ဆုံးရှုံးလိုက်ရပါက သူသည် သူ၏ အကြီးမားဆုံး အားထားရာကို ဆုံးရှုံးလိုက်ရပေမည်။

သူ အလွန်ကြောက်ရွံ့မိသည်။ သူ လုံးဝကို ကြောက်ရွံ့မိသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now