Chapter 22

3.3K 419 3
                                    

ငရဲမှလာသောသူ
အပိုင်း (၂၂) လေးစားပါတယ် မစ္စတာယဲ့

ဝံပုလွေရိုင်းရဲ့ဆရာ!

ဝံပုလွေရိုင်း၏ စကားကြောင့် အားလုံး ကြက်သေ သေသွားသည်။

**ဝံပုလွေရိုင်း တစ်ယောက်တည်းနဲ့တင် ကျန်းရှီမြို့မြောက်ဘက်ခြမ်းမှာ ပြိုင်ဘက်ကင်းဖြစ်နေတာ…သူက ကျားကြီးကိုတောင် တစ်ချက်တည်းနဲ့ အမှောက်သိပ်နိုင်နေတာ… သူ့ဆရာဆို တွေးကြည့်စရာတောင် မလိုတော့ဘူးပဲ**

ကြည့်နေသည့်လူတိုင်းက ယဲ့ဖန်အား စိုးရိမ်စိတ်ဖြင့် နောက်တစ်ခါ ကြည့်လိုက်မိကြသည်။

သူတို့အမြင်တွင် ဝံပုလွေရိုင်း ပေါ့ပေါ့ဆဆနေလိုက်မိတာနဲ့ တိုက်ဆိုင်ပြီး ယဲ့ဖန် နိုင်သွားတာလို့ပဲ ထင်နေကြသည်။

**ဝံပုလွေရိုင်းရဲ့ဆရာသာ ရောက်လာရင် ယဲ့ဖန်တော့ ကြွပြီပဲ**

ချွီထောင်ရဲ့ အီးမှန်ထားတဲ့ရုပ်ကြီးက ချက်ချင်းဆိုသလို ငွေလမင်းကြီးအလား တောက်ပလာပြီး သူ့စိတ်ထဲ တွေးနေမိသည်။

**ဟီးဟီး… ဒီတရားမဝင်သားက ဝံပုလွေရိုင်းကို နိုင်အောင်ချလို့ရော ဘာဖြစ်သလဲ… ဝံပုလွေရိုင်းရဲ့ဆရာသာ ရောက်လာရင် သူတော့ ဂန့်ပြီပဲ…ဟီးဟီး**

ယဲ့ဖန် ဘယ်လိုဘယ်ပုံနှင့် အဆော်ခံရမလဲလို့ တွေးရင်း ချွီထောင် အူမြူးလာသည်။

ယွမ်လီနှင့် ရှုချင်တို့လည်း ချွီထောင်နှင့် တူညီစွာ တွေးနေကြသည်။

ကျန်းဝေ့ဝေ့သည်လည်း ယဲ့ဖန်အား နဝေတိမ်တောင်နှင့် စိတ်ရှုပ်သလို ကြည့်နေသည်။
**ရှင် သိပ်တော်နေတော့ကော ဘာထူးသလဲ နောက်ဆုံးတော့ ရှင် သေရမှာပဲလေ**

ဝံပုလွေရိုင်း၏စကားကြောင့် ရိုစ့်နှင့် ဖေးချမ်ပါ ယဲ့ဖန်တို့ ဒုက္ခအကြီးအကျယ် ရောက်ပြီဟု တွေးလိုက်မိကြသည်။

ရိုစ့်က ယဲ့ဖန်အား လူသေပမာ ဖြူဖွေးနေသော မျက်နှာနှင့် ပြောလာသည်။
"ယဲ့ဖန်… မြန်မြန်ပြေးတော့… ငါ ဝံပုလွေရိုင်းရဲ့ဆရာကို မြင်ဖူးတယ်… သူက အရမ်း ခွန်အားကြီးတာ… နင် သူ့ကို မနိုင်နိုင်ဘူး"

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now