Chapter 81

2.5K 274 0
                                    

စာစဉ် (6) Chapter (81) ကျန်းရှီမြို့တော့ အကြီးအကျယ်ပြောင်းလဲမှုနဲ့ ကြုံရတော့မှာပဲ!

ကုန်းယွင်ဖေး၏ အော်သံ ပျောက်ကွယ်သွားသည်နှင့် စက်ရုံပျက်တစ်ခုလုံး တိတ်ကျသွားသည်။

မြေကြီးပေါ်တွင်လည်း သွေးအိုင်များက မနည်းမနောပေ။ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လူသတ်သမားကြောင့် သွေးစွန်းတစ္ဆေတစ်ယောက် အေးခဲသလို ဖြစ်နေသည်။

မြေကြီးပေါ်၌ လဲနေရင်း သွေးများ ပေကျံနေသော ယဲ့ဖန်ကို ကြည့်ကာ သွေးစွန်းတစ္ဆေက အေးစက်စက်ချီဓာတ်တို့ ခေါင်းမှခြေအဆုံး တိုးဝင်လာသလို ခံစားလိုက်ရသည်။

*ရက်စက်တယ်*

*ပြင်းထန်တယ်*

*သွေးဆာနေပုံပေါက်တယ်*

သူ့စိတ်ထဲတွင်တော့ ယဲ့ဖန်အား တကယ့်နတ်ဆိုးအဖြစ် မြင်နေမိသည်။ အထူးသဖြင့် ကုန်းယွင်ဖေးကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်သည်ကို မြင်ပြီး သွေးစွန်းတစ္ဆေ ကတုန်ကယင် ဖြစ်လာသည်။

နတ်ဆိုးတစ်ကောင်၏ ရန်သူဖြစ်မည့်အစား ကိုယ့်ကိုယ်ကိုယ် သတ်သေသင့်သည်ဟု သူ့ကိုယ်သူ အကြိမ်ပေါင်းများစွာ သတိပေးလိုက်သည်။

ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ လုပ်ရက်ပါလိမ့်။

ထိုစဉ် ယဲ့ဖန်က သူ့မျက်နှာပေါ်၌ ပေနေသော သွေးများကို သုတ်၍ သွေးစွန်းတစ္ဆေထံသို့ အလွန် ရက်စက်သော မျက်လုံးများဖြင့် လျှောက်လာနေသည်။ သူ၏ ပုံစံက ငရဲမှတက်လာသော နတ်ဆိုးတစ်ကောင်နှင့် သဏ္ဌာန်တူလှပေသည်။

ခန္ဓာကိုယ်တစ်ခုလုံး ဆိုးဆိုးရွားရွား ဒဏ်ရာရနေပြီး သေအံ့ဆဲဆဲ ဖြစ်နေသော သွေးစွန်းတစ္ဆေကို ကြည့်ပြီး ယဲ့ဖန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်၊ သေဖို့ အချိန်ကို စောင့်နေမလား ဒါမှမဟုတ် ငါ့ကျေးကျွန် လုပ်မလား"

ယဲ့ဖန်က သွေးစွန်းတစ္ဆေအား တည်ငြိမ်စွာ ကြည့်၍ အေးစက်စက် လေသံနှင့် ဆိုလိုက်သည်။

သူ့စကားကို ကြားပြီး သွေးစွန်းတစ္ဆေ ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်လာသည်။ ထို့နောက် သူသည် အားနည်းနေသော လေသံဖြင့် ပြန်ပြောလိုက်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now