Chapter 35

3K 354 12
                                    

#unicode

အပိုင်း(၃၅) ကျွန်တော် အကုန်သောက်လိုက်ပါ့မယ်...ခင်ဗျားတို့ ရှင်းပေါ့

ယဲ့ဖန်နှင့် ရှုဖေးတို့ လက်ဆွဲနှုတ်ဆက်ပြီး ချက်ချင်း လက်ပြန်ရုတ်လိုက်ကြသည်။

ဤသည်ကိုကြည့်ပြီး ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့် ကျန်းလူတို့ မယုံနိုင်သလို ဖြစ်သွားကြသည်။

"အာ...ဘာဖြစ်သွားတာလဲ? သူတို့ ဘာလို့ ဒီလောက် မြန်မြန် လက်ပြန်ရုတ်လိုက်ကြတာလဲ?"

"တစ်စက္ကန့်လောက်ပဲ ရှိဦးမယ်...ဖေးက တစ်စက္ကန့်ထဲနဲ့ အဲ့ကောင်လက်ကို ချိုးလိုက်တာလား?"

တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိရင်း ရှောင်မိန်နှင့် ကျန့်ချိန်ပင်းတို့ တူညီစွာ တွေးလိုက်မိပြီး လှောင်ရိပ်သန်းလာသည်။

သို့သော်လည်း ကျန်းလူက သူတို့နှင့် မတူသည့် သူ့အတွေးကို ထုတ်ပြောလိုက်သည်။

"တစ်ခုခုတော့ မှားနေသလိုပဲ"

ဟမ်?

ရှောင်မိန်နှင့် ကျန့်ချိန်ပင်းတို့ ကျန်းလူကို ဇဝေဇဝါ အကြည့်များဖြင့် ကြည့်လိုက်မိကြသည်။

ကျန်းလူက သူတို့ကို ပြန်ကြည့်ကာ ရှောင်မိန်နှင့်ကျန့်ချိန်ပင်းတို့ကို ပြန်ပြောလိုက်သည်။ "ရှုဖေးအကျင့်အတိုင်းဆို အဲ့ကောင်လက်ကို သူ လွှတ်ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ကို သေချာကြည့်ကြည့်။ လက်ဆွဲနှုတ်ဆက်ပြီး အဲ့ကောင် အမူအရာ တစ်ချက်တောင် ပျက်မသွားဘူး။ ဒါပေမယ့် ဖေးကတော့...."

သူ့စကားကြောင့် ရှောင်မိန်နှင့်ကျန့်ချိန်ပင်းတို့ ရှုဖေးကို ခပ်သွက်သွက် ကြည့်လိုက်မိကြသည်။

ထိုအခါမှသာ ရှုဖေး၏ ခန့်ညားချောမောလှသော မျက်နှာက လူသေပမာ ဖြူရော်နေကာ နဖူးတွင်လည်း ချွေးစို့နေသည်ကို တွေ့လိုက်ရသည်။ ထို့အပြင် သူ့လက်ကလည်း မသိမသာ တုန်ယင်နေသည်။ သူက ယဲ့ဖန်အား သရဲသဘက်တစ်ကောင်ကို တွေ့လိုက်ရသည့်အလား ကြောက်လန့်တကြား ကြည့်နေသည်။

ထိုအဖြစ်အပျက်ကြောင့် ရှောင်မိန်၊ ကျန့်ချိန်ပင်းနှင့်ကျန်းလူတို့ ထိတ်လန့်သွားကြသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now