Chapter 96

2.4K 222 1
                                    

စာစဥ် (7) Chapter (96) ငရဲကို သွားရမယ့်ခရီးက ရှည်လွန်းတယ်၊ ခရီးလမ်း ဖြောင့်ဖြူးပါစေလေနော်

ရွှစ်!

ဒဏ်ရာမှ သွေးများ ငေါခနဲ ပန်းထွက်လာပြီး လက်မောင်းတစ်ဘက်က လေထဲ မြောက်တက်လာသည်။

"အား.." ရှစ်ခြမ်းခွဲ အဘိုးကြီး မျက်လုံးပြူး မျက်ဆန်ပြူးဖြစ်ကာ မျက်နှာတစ်ပြင်လုံး ဖြူစုတ်လာသည်။

*ကျိုးသွားပြီ*

*သူ့လက်မောင်းတစ်ခုလုံး ပြုတ်ထွက်သွားပြီ*

*ဒါ… ဒါ လုံးဝ မဖြစ်နိုင်ဘူး*

ရှစ်ခြမ်းခွဲ အဘိုးကြီး သာမက ယဲ့လုံနှင့် စစ်ခုန်ကလန်ဝင်များပါ ထိတ်လန့်အံ့ဩသွားကြသည်။

ရှစ်ခြမ်းခွဲ အဘိုးကြီး၏ လက်မောင်းကို ကောင်စုတ်လေးတစ်ကောင်က ပြတ်သွားအောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ပါ။

ဤသည်ကား အစပင်ရှိသေးသည်။

ဘုန်း!

ယဲ့ဖန်က ရှစ်ခြမ်းခွဲ အဘိုးကြီးကို ကန်လိုက်သောကြောင့် သူ လွင့်ထွက်သွားသည်။ ထို့နောက် ယဲ့ဖန်က သူ လှုပ်မရအောင် သူ့ရင်ဘက်ကို ခြေထောက်ဖြင့် ဖိထားသည်။

ပြီးနောက် ရှစ်ခြမ်းခွဲ အဘိုးကြီး၏ နောက်လက်တစ်ဘက်ကို ဆုပ်ကိုင်လိုက်ပြီး

ရွှစ်!

ကြောက်မက်ဖွယ်ကောင်းသော အသံတစ်သံက ခြံဝန်းအတွင်း ပျံ့လွင့်လာပြီး လက်မောင်းတစ်ဘက်က စက္ကူစတစ်စသဖွယ် ပြုတ်ထွက်သွားသည်။

"မဟုတ်ဘူး!"

နာကျင်မှုကြောင့် ရှစ်ခြမ်းခွဲ အဘိုးကြီး ချွေးသီးချွေးပေါက်ကျကာ တုန်ယင်လာသည်။

အခြားသူများကို သူ ပြုမူခဲ့သလိုမျိုး သူ ပြန်ခံရလိမ့်မည်ဟု သူ ဘယ်သောအခါမှ တွေးမထားခဲ့မိပါ။

ယဲ့ဖန်၏ မျက်လုံးကို စိုက်ကြည့်ရင်း ရှစ်ခြမ်းခွဲ အဘိုးကြီးက ကြောက်လန့်တကြား ပြောလာသည်။

"ရပ်လိုက်ပါတော့..မြန်မြန်.. ရပ်လိုက်ပါတော့.. မင်း နိုင်ပါတယ်။ ငါ့ကို ညှာတာပေးပါ။ ငါ့ကို လွှတ်ပေးပါတော့၊ မြန်မြန်လေး… ငါ့ကိုသွားခွင့်ပေးပါကွာ.."

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now