Chapter 108

2.3K 206 1
                                    

#unicode
စာစဥ် (8) Chapter (108) ကျွန်မ ရှင့်ကို နောင်ဘဝမှပဲ ကာကွယ်ပေးပါ့မယ်

စစ်အိမ်တော်၏ ဧည့်ခန်းမတွင် မီးများဖြင့် ထိန်ထိန်လင်းနေသည်။

ပရိဘောဂများသည် ဥရောပနှင့် အမေရိကန်မှ တင်သွင်းထားခြင်း ဖြစ်ပြီး အလွန် ခမ်းနား ကြီးကျယ်လှသည်။

သက်လတ်ပိုင်းအရွယ် လူဝကြီးတစ်ယောက်က ဆိုဖာပေါ်တွင် အေးအေးဆေးဆေး ထိုင်နေသည်။

သူသည် စစ်ကလန်၏ ကလန်ခေါင်းဆောင် စစ်ရှောင်ထျန်း ပင် ဖြစ်ပေသည်။

စစ်ရှောင်ထျန်း၏ ချောမောသော မျက်နှာလေးနှင့် လူငယ်လေး တစ်ယောက် ထိုင်နေသည်။ သူ့တွင် နူးညံ့သော မျက်ဝန်းမျိုး ရှိသော်လည်း အကြည့်များက အလွန် နတ်ဆိုးဆန်ကာ လူတိုင်းကို ထိတ်လန့်တုန်လှုပ်စေသည်။

ထိုလူငယ်လေးသည် သခင်လေးစစ်ဖြစ်ပြီး ကျန်းရှီမြို့၏ ထိပ်တန်း သခင်လေး လေးယောက်တွင် အလွန်ရာဂစိတ် ပြင်းပြသူ ဖြစ်သည်။

"စစ်ချမ်း မင်း ဘယ်လိုနေသေးလဲ?"

သခင်လေး စစ်က သူ့အောက်တွင် ထိုင်နေသော ကျုံးချမ်းကို မေးလိုက်သည်။

ကျုံးချမ်း၏ လက်မောင်းကို ပတ်တီးများဖြင့် စည်းထားကာ သူ၏ ပြတ်သွားသော လက်မောင်းမှ သွေးအနည်းငယ် ဆို့နေသေးသည်။

သခင်လေးစစ်၏ အမေးကြောင့် ကျုံးချမ်းက အလျင်အမြန် ပြန်ဖြေလိုက်သည်။

"ကျွန်တော် အဆင်ပြေပါတယ်၊ အစ်ကိုကြီး ဒါလက်လေး တစ်ဘက်ပါပဲ"

ကျုံးချမ်းက ညစ်တီးညစ်ပတ်ဟန်ဖြင့် ပြုံးကာ"အဲ့ကောင်စုတ်က ကျုပ်လက်ကို ဖြတ်ရဲမှတော့ သူ အရှုံးကြီး ရှုံးပြီး ခံစားစေရမယ်"

ကျုံးချမ်း၏ စကားအဆုံးတွင် စစ်ရှောင်ထျန်းနှင့် သခင်လေးစစ်တို့ ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။

"မွေးစားအဖေ …. အဖေရဲ့ တရုတ်ပြည် မြောက်ပိုင်းကို ပြန်မယ့် အစီအစဉ်က အဆင်ပြေရဲ့လား?"

ကျုံးချမ်းက စစ်ရှောင်ထျန်းကို သိချင်စိတ်ဖြင့် မေးလိုက်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now