Chapter 147

2K 175 0
                                    

စာစဉ် (10) Chapter (147) တစ်ဖတ်သတ်တိုက်ပွဲ!

ဝှစ်! ဝှစ်! ဝှစ်!

သွေးဆာနေသော အလင်းတန်းများဖြတ်သွားသည်နှင့် သေမင်းနတ်ဘုရားက သူ၏ တံစဉ်ဖြင့် အသက်များကို နုတ်ယူသွားသကဲ့သို့ သွေးအိုင်ကွက်များ ပေါ်ပေါက်လာသည်။

"အား…အား…အား"

ထိပ်တန်းအဆင့်နှင့် ပထမတန်းစားအဆင့် စွမ်းအားပိုင်ရှင်များ ကြက်သွန်မြိတ်ကဲ့သို့ နုတ်နုတ်စင်းခံလာရကာ မြေကြီးပေါ်၌ သွေးစီးကြောင်းများက မြစ်တစ်စင်းသဖွယ် ဖြစ်ပေါ်လာ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် လူအယောက်တစ်ရာနီးပါး သေဆုံးသွားလေသည်။ ခြံဝန်းတစ်ခုလုံး သားသတ်ရုံကြီးကဲ့သို့ အသွင်ပြောင်သွားလေတော့၏။

"မဟုတ်ဘူး"

အဓိကကလန် ရှစ်ခုလုံး၏ ခေါင်းဆောင်များ ဒေါသကြောင့် မျက်နှာကြီး နီရဲလာကြသည်။

ဓားအလင်းတန်းများ၏ အောက်တွင် သူတို့ကလန်သားများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြသည်ကို ကြည့်ပြီး သူတို့ ပူဆွေးလာကြသည်။

သေဆုံးသွားသည့်သူများသည် ကျန်းရှီမြို့တွင် သူတို့ကလန်များ ခြေကုပ်ယူနိုင်ရန် ထားရှိထားမည့် အုတ်မြစ်များ ဖြစ်လေသည်။

အခုတော့ သူတို့၏ အုတ်မြစ်များ ပြိုလဲသွားလေပြီ။

ချွင်! ချွင်! ချွင်!

ထို့နောက် ကလန်ရှစ်ခု၏ ခေါင်းဆောင်များသည် ဓားများ၏ တိုက်ခိုက်ခြင်းကို အပြင်းအထန် ခံရလေတော့သည်။

ဓားများ၏ လျင်မြန်သော အရှိန်နှုန်းကြောင့် သူတို့နှင့် ထိမိသည့်သူတိုင်း ထိခိုက်ဒဏ်ရာ ရလျင်ရ၊ မရလျင် သေဆုံးသွားကြသည်ချည်းပင်။

တစ်ခဏအတွင်းမှာပင် ကလန်ရှစ်ခုလုံး၏ ခေါင်းဆောင်များက ဓားချက်များကို ငုံ့ရှောင်နေရသောကြောင့် အလွန် အရှက်ရဖွယ်ကောင်းလှပေသည်။

အင်အားကြီးသူ တော်တော်များများ အသတ်ခံလိုက်ရသည်ကို ကြည့်ပြီး ကူးယွီနှင့် ညအဖွဲ့သားများ အလွန်အမင်း ထိတ်လန့်သွားကြသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Onde as histórias ganham vida. Descobre agora