Chapter 155

2K 195 0
                                    

စာစဉ် (11) Chapter (155) ပြန်လည်ရှင်သန်ခြင်း မန္တန်!

"ယဲ့ဖန်"
ခြံဝန်းအတွင်း ဝင်လာသည့် လူငယ်တစ်ယောက်ကို မြင်သည်နှင့် လင်းလန်၏ သွယ်လျသော ကိုယ်လေးက တုန်ယင်လို့လာသည်။ ထို့နောက် သူမသည် ပြတ်သွားသော လည်ဆွဲမှ ပုလဲလုံးလေးများကဲ့သို့ ကြည်လင်သော မျက်ရည်များ ကျလာလေသည်။

သူ အသက်ရှင်နေသေးတယ်။

ယဲ့ဖန်…သူမ အချစ်ရဆုံးယောကျ်ားက အသက်ရှင်နေသေးသည်။

ချက်ချင်းဆိုသလိုပင် လင်းလန်သည် ဆောင့်ကြောင့်ထိုင်ချကာ အားရပါးရ အော်ရယ်လေတော့သည်။

သူမသည် အလွန်စိတ်လှုပ်ရှားနေသည့် ကလေးမလေးကဲ့သို့ ပျော်ရွှင်စွာ အော်ရယ်လို့နေသည်။

သူမသည် အလွန်ဖြူစင်ရိုးစင်းစွာ အော်ငိုလို့နေသည်။ ယခင်က ယဲ့ဖန် သေသွားသည့်အတွက် သူမ အရာအားလုံးကို ဆုံးရှုံးလိုက်ရပြီဟု သူမ ထင်လိုက်မိသည်။

သို့သော် ယခုတော့ သူမ၏ နတ်ဘုရားက ပြန်ရောက်လာလေပြီ။

ခြေသံများနှင့်အတူ ယဲ့ဖန်က ခြံဝန်းရှေ့တွင် ရပ်ကာ လင်းလန်ကို ပွေ့ဖက်လိုက်သည်။

သူမ၏ မျက်ရည်များဖြင့် စိုရွှဲနေသော လှပသည့် မျက်နှာလေးကို ကြည့်ပြီး ယဲ့ဖန် ရင်ထဲ နွေးထွေးသွားရသည်။ ထို့နောက် သူက

"အရူးမလေး…မင်းက ငါ့အပိုင်လေ၊ ငါ့ခွင့်ပြုချက် မရှိဘဲ မင်း မသေရဘူး"

ယဲ့ဖန်၏ စကားလုံးများက အလွန်အာဏာရှင်ဆန်လေသည်။ သို့သော် သူ့စကားကြောင့် လင်းလန် ပို၍ ငိုမိလာသည်။ သူမ မျက်ရည်တွေကို သုတ်ပစ်သော်လည်း ပို၍သာ မျက်ရည်ကျလာသည်။

ရုတ်တရက် ရေကြီးလာသကဲ့သို့ သူမ မျက်ရည်များက ရပ်တန့်လို့ မရတော့ချေ။ သူမနဖူးကို ဖွဖွလေးနမ်းလိုက်ပြီးနောက် သူက ဝံပုလွေရိုင်း၊ ဖေးချမ်နှင့် အခြားသူများကို ကြည့်လိုက်သည်။

"သခင်ကြီး"

ဆယ်ယောက်လုံး အလွန် ပျော်ရွှင် ရူးသွပ်စွာနှင့် တုန်ယင်နေကြသည်။

*သူက တကယ့်နတ်ဆိုးပဲ*

*နတ်ဘုရားတွေလည်း အသတ်ခံရနိုင်တယ်၊ အင်မော်တယ်တွေလည်း သတ်ဖြတ်ခြင်း ခံရနိုင်တယ် ဒါပေမယ့် နတ်ဆိုးတွေက ထာဝရ တည်ရှိနေမှာပဲ*

ငရဲမှလာသောသူ [Chapter 1 to 200]Место, где живут истории. Откройте их для себя