Chapter 165

2K 161 0
                                    

စာစဉ် 11 ဒီအပိုင်းမှာ ပြီးပါပြီ

ငရဲမှလာသောသူ
The Man from Hell
Author : Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (11) Chapter (165) နိုင်ငံ့ အလှနတ်ဘုရားမလေး ရို့ယွီ!

သူတောင်းစားလည်း ထွက်သွားပြီ ဖြစ်သဖြင့် ယဲ့ဖန်သည်လည်း ဤလမ်းကြားထဲ ဆက်နေရန် မလိုအပ်တော့ပေ။ ထို့ကြောင့် သူ ပြန်ထွက်လာလိုက်သည်။

သို့သော် သူ လမ်းကြားထဲမှ ထွက်လာသည်နှင့် အံ့ဩနေသော လေသံတစ်သံကို ကြားလိုက်ရသည်။

"ဆရာဘိုးဘိုးလား?"

လူငယ်တစ်ယောက်က လက်ထဲတွင် ဇိမ်ခံပစ္စည်းများ ပါသော အိတ်များကို သယ်၍ သူ့ထံသို့ အေးအေးဆေးဆေး လျှောက်လာနေသည်။

ထိုသူသည် ရှုကွမ်း၏ မြေး၊ သခင်လေး ရှုထန့် ဖြစ်ပေသည်။

သိပ်မကြာခင်အချိန်တုန်းက ယဲ့ဖန်နှင့် သူ့လူများသည် ရှုကလန်တွင် နေထိုင်နေခဲ့သဖြင့် သူတို့ ရှုထန့်နှင့် အတော်လေး ရင်းနှီးလာခဲ့သည်။

ရှုထန့်ကို ကြည့်ပြီး ယဲ့ဖန်က အသာပြုံးကာ

"မင်း ဘာလို့ အမြဲ ဇိမ်ခံပစ္စည်းတွေ ဝယ်နေရတာလဲ?"

"ဆရာဘိုးဘိုး..ခင်ဗျား မသိပါဘူးဗျာ ... ဒီည နိုင်ငံ့ အလှနတ်ဘုရားမလေး ရို့ယွီက ကျန်းရှီမြို့ကို လာမှာလေ"

"ကျန်းနန်မြို့က အခြားသခင်လေး အကုန်နီးပါးလောက်က တန်ဖိုးကြီးပစ္စည်းတွေ ဝယ်ပြီး သူမကို ပိုးပန်းကြမှာ၊ ကျွန်တော် နောက်ကောက်ကျ ကျန်ခဲ့လို့ မဖြစ်ဘူး"

ထို့နောက် ရှုထန့်သည် သူ့အိတ်တွေကို မြေကြီးပေါ် ချလိုက်သည်။

ရို့ယွီသည် ဟွာရှ နိုင်ငံ၏ နိုင်ငံ့ အလှနတ်ဘုရားမလေး ဖြစ်ပြီး အာရှ၏ ပေါ့ ဘုရင်မလေးလည်း ဖြစ်သည်။

သူမ သီချင်းများက နိုင်ငံတစ်ခွင်တွင် လူသိများလေသည်။ သူမ၏ ရုပ်ရှင်များကလည်း အမြဲ ကျော်ကြားသည်။

သူမ၏ ဂီတပွဲ လက်မှတ်တိုင်းက ရွှေထက်ပင် တန်ဖိုးကြီးမားသေးသည်။

သူမသည် ဟွာရှနိုင်ငံတစ်ခုလုံးတွင် အတောက်ပဆုံး စူပါစတားမလေး ဖြစ်ပြီး ဘီလီယံနှင့်ချီသော လူတို့၏ ရင်ထဲမှ နတ်ဘုရားမလေးလည်း ဖြစ်ပေသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now