Chapter 89

2.4K 265 1
                                    

စာစဥ် (6) Chapter (89) စကြဝဠာတစ်ခုလုံးမှာ အလှဆုံးမိန်းကလေး!

"အဖိုးကူး ခုနက ဘာလို့ ကျွန်မကို ဝင်မကူညီတာလဲ?"

ကျန်းရှီ အလယ်တန်းကျောင်းမှ ထွက်လာသည်နှင့် စစ်ခုန်ကျင့်က အဘိုးအိုကူးကို မေးလိုက်သည်။

တရုတ်ပြည်မြောက်ပိုင်းမှ အဓိကကလန်တစ်ခုဖြစ်သည့် စစ်ခုန်ကလန်၏ သခင်မလေးဖြစ်သည့် သူမတွင် သက်တော်စောင့် ကော်စန်းအပြင် နောက်ထပ် ကာကွယ်ပေးသူ တစ်ယောက်ရှိသည်၊ ထိုသူကတော့ အဘိုးအိုကူးပင် ဖြစ်သည်။

အဘိုးအိုကူး မည်မျှ စွမ်းအားကြီးမားကြောင်းကို စစ်ခုန်ကျင့်သာ သိသည်။ သူ ငယ်ရွယ်စဉ်အခါက တရုတ်ပြည်မြောက်ပိုင်း၌ အင်အားကြီးသူ တစ်ယောက် ဖြစ်ခဲ့သည်။

အသက်အရွယ် ရလာသော်လည်း ယခုထိ တရုတ်ပြည်မြောက်ပိုင်း၌ ပြိုင်ဘက်ကင်းသူ ဖြစ်နေသေးသည်။

စစ်ခုန်ကျင့်၏ အမေးကြောင့် အဘိုးအိုသည် မျက်မှောင်ကြုတ်ကာ နဖူးမှ ချွေးကို သုတ်လိုက်သည်။ သူ့ကျောတွင်လည်း ချွေးများဖြင့် ရွှဲနစ်နေသည်။

"မမလေး… မမလေး မသိလောက်ပင်မယ့် တကယ်လို့ ကျွန်တော်သာ စတိုက်ခဲ့ရင် ကျွန်တော်တို့ နှစ်ယောက်လုံး‌ သေသွားလောက်တယ်"

*ဘယ်လို*

စစ်ခုန်ကျင့် တွေဝေသွားသည်။

"အဘိုးကူး… ဘာတွေပြောနေတာလဲ၊ ရှင် နတ်ဆိုးသံတောင်ကြီးကို တစ်ချက်တည်းနဲ့ သတ်လိုက်လို့ ရတဲ့ဟာကို .. ရှင်သာ ဝင်တားခဲ့ရင် ကော်စန်းလည်း အခုလို အသေဆိုးနဲ့ သေရမှာ မဟုတ်ဘူး"

စစ်ခုန်ကျင့်က ထိတ်လန့်နေသည့်ဟန်ဖြင့် ပြောလိုက်သည်။

"ကျုပ် တစ်ဘဝလုံး လူတော်တော်များများနဲ့ ကြုံခဲ့ပြီးပြီ၊ ဒါပေမယ့် သူ့လိုလူမျိုးတော့ ကျုပ် တစ်ခါမှ မမြင်ဖူးသေးဘူး"

အဘိုးကူးက မျက်မှောင်ပိုကြုတ်နေလျက်နှင့် အထိတ်တလန့်ဖြင့် ပြောလိုက်သည်။

"ကော်စန်း မသေခင်တုန်းက ကျုပ် သူ့ကို ကယ်ဖို့ လုပ်ခဲ့သေးတယ်၊ ဒါပေမယ့် အရမ်း ကြောက်ဖို့ကောင်းတဲ့ ချီဓာတ်က ကျုပ်ကို ပစ်မှတ်ထားနေခဲ့တာ။ ကျုပ်သာ ကော်စန်းကို ဝင်ကူခဲ့ရင် ကျုပ်တို့နှစ်ယောက်လုံး သေနေလောက်ပြီ"

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now