Chapter 2

7.8K 750 0
                                    

အပိုင်း (၂) သူက နတ်ဆိုးတစ်ကောင်ပဲ

ထိုအချိန်အတောအတွင်း၌ ဧကရာဇ်ဟိုတယ်၏ဘေး၌ မာစီဒီးဘန့်စ်တစ်စီးရပ်ထားသည်။ ထိုကားထဲ၌ ယာဥ်မောင်းသူနှင့် လူငယ်လေးတစ်ယောက် ထိုင်နေသည်။ နှစ်ယောက်လုံးသည် ဟိုတယ်၏ ဝင်ပေါက်ကို စိုက်ကြည့်နေကာ ပွဲကြီးပွဲကောင်းတစ်ခုကို စောင့်မျှော်နေသည့်ဟန်ဖြင့် လှောင်ပြုံးပြုံး၍ စိုက်ကြည့်နေသည်။ အထူးသဖြင့် လူငယ်လေး၏ မျက်နှာက ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။

"ဟီးဟီးဟီး...ယဲ့ဖန်..ခွေးမသား...မင်း ပုံဆိုးပန်းဆိုးနဲ့ သေရတော့မယ်... သူ လင်းလန်နဲ့ အတူတူ အိပ်ပြီးပြီ ဆိုတော့ သူ့သတို့သားလောင်း ကုန်းယွင်ဖေးက ဒီကောင့်ကို တစ်စစီဖြစ်အောင် လုပ်ပြစ်မှာပဲ... အဘိုးကြီး သူ့တရားမဝင်သားကို ဒီတစ်ခါရော ဘယ်လို ကာကွယ်ပေးဦးမလဲ သိချင်လိုက်တာ...ဟားဟားဟား..."

ယဲ့ဖန်၏အဖြစ်ကို တွေးနေသည့် ထိုလူငယ်လေး၏ ပုံစံက ပို၍ ကြောက်စရာကောင်းလှသည်။

ထိုစဉ် ဒရိုင်ဘာ၏ဖုန်း မြည်လာသည်။

"သခင်လေး...ကျန်းရှီမြူနီစီပယ်ရုပ်မြင်သံကြားဌာနက ကျန်း**ဆက်တာပါ"

ဒရိုင်ဘာက ဖုန်းခေါ်ဆိုသူကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ သခင်လေးသည် ဝမ်းသာအားရ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "မြန်မြန်...သူ့ဖုန်းကို ကိုင်လိုက်...သူ ပုံတွေ ရိုက်ပြီးလောက်ပြီ ... သူ့ကို ငါ့ဆီ ပုံတစ်ချို့ ထပ်ပို့ပေးဖို့ကိုလည်း ပြောဖို့ မမေ့နဲ့... ငါ အဲ့ခွေးမသားရဲ့ သေမလို ဖြစ်နေတဲ့ပုံကို ကြည့်ချင်လို့...ဟားဟားဟား"

သခင်လေးဆိုသူက အရယ်မရပ်တော့။

သို့သော် ဒရိုင်ဘာက ဖုန်းကိုင်လိုက်ပြီးသည်နှင့် သူ ပြုံးနေရာမှ ရပ်သွားသည်။ သေချာကြည့်မည်ဆိုလျင် သူ့ပုံစံက သရဲကို တွေ့လိုက်ရသည်နှင့် တူသည်။ ဒရိုင်ဘာက ဖုန်းကျသွားသည်နှင့် တံတွေးကို အားယူ၍မြိုချလိုက်ပြီး သခင်လေးကို ပြောလိုက်သည်။ "သခင်လေး... ကျန်း.. ကျန်းပြောတာက သူ မမလေးလင်းတစ်ယောက်ပဲ အခန်းထဲမှာ ရှိပါတယ်တဲ့..

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now