Chapter 3

6.5K 666 3
                                    

အပိုင်း (၃) ဖြစ်နိုင်ရင်အားလုံးကို သတ်ပစ်

ကျန်းရှီမြစ်ကမ်းပါးဘေး၌

ယဲ့ဖန် အတွေးနယ်လွန်နေသည့်ဟန်ဖြင့် လမ်းလျှောက်နေသည်။ သနားကြင်နာမှုဆိုသည်မှာ သူ၏ အဘိဓာန်၌ မရှိပေ။ သူ့ကို သတ်ချင်သည့်သူတိုင်းကို သူက သတ်ပစ်မည်ဖြစ်သည်။ သူ့ကို စားချင်သည့် သရဲတစ္ဆေကိုတောင် သူက သတ်ပစ်မှာဖြစ်သည်။ သူ့မျက်လုံးထဲတွင် ယဲ့ဟူသည် သူ အချိန်မရွေး သတ်ပစ်နိုင်သည့် ပုရွက်ဆိတ်လေးကဲ့သို့ အသေးအဖွဲလေးသာ ဖြစ်သည်။

"နတ်ဆိုးဂြိုလ်ကြီး ဘာဖြစ်နေမလဲ ငါ သိချင်လိုက်တာ"

ကောင်းကင်ယံကို မော့ကြည့်ရင်း ကျယ်ပြောလှသော စကြဝဠာအတွင်းမှာ နတ်ဆိုးဧကရာဇ်ဖြစ်သော သူ့ကို စောင့်မျှော်ရင်း ယစ်ပူဇော်ခြင်းများ ပြုလုပ်နေသော နတ်ဆိုးများစွာ ရှိနေမည်ကို ယဲ့ဖန် သိနေသည်။

"ပြီးတော့ အဲ့ဒီဖြူစင်တဲ့ကောင်မလေး... နတ်ဆိုးဧကရာဇ် သေသွားပြီဆိုတဲ့ သတင်းကို သူမ ကြားသွားမယ်ဆိုရင် စကြဝဠာတစ်ခုလုံးကို မြေလှန်ပစ်ပြီးတော့ တားမြစ်နယ်မြေတွေကို ဖြတ်ပြီး ဒီစကြဝဠာထဲက အခြားအုပ်ချုပ်သူသုံးယောက်ကို သွားသတ်ပစ်မှာကို ငါ စိုးရိမ်မိတယ်"

ငယ်ငယ်လေးကတည်းက သူ့ကို 'ဖန်လေး'ဟု ခေါ်တတ်သည့် စကြဝဠာအတွင်းမှ အလှထိပ်ခေါင်လေးကို သူ သတိရမိသွားသောအခါ ယဲ့ဖန် ခါးသီးစွာ ပြုံးလိုက်မိသည်။

ထိုဖြူစင်သည့်မိန်းမပျိုလေးသည် ငယ်စဉ်ဘဝကတည်းက သူ၏အရိပ်ဖြစ်ခဲ့သည်။ ယဲ့ဖန်သည် ကျင့်ကြံခြင်းတွင် ထူးခြားသော ပင်ကိုယ်ပါရမီပါခဲ့သည်။ သို့သော် ထိုဖြူစင်သည့်မိန်းကလေးကတော့ ကျင့်ကြံခြင်းတွင် သာမန်မျှသာ ဖြစ်ခဲ့၏။

သူနှင့် လိုက်ဖက်ညီစေရန် သူမသည် စကြဝဠာအတွင်းရှိ တားမြစ်နေရာ တစ်ခုပြီးတစ်ခုကို ဝင်ရောက်ကာ သူမအသက်ကို ရင်း၍ သူမ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ခဲ့သည်။ ထိုတားမြစ်နေရာများဆီ တစ်ခါဝင်လိုက်တိုင်း သူမတစ်ကိုယ်လုံး ဒဏ်ရာများနှင့် ပြည့်နှက်နေခဲ့သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now