Chapter 47

2.8K 325 0
                                    

#unicode

Chapter (47) မြန်ဆန်တယ်! တိကျတယ်! ပြင်းထန်တယ်!

ကန်တင်းမှ ထွက်လာပြီးနောက် ယဲ့ဖန်နှင့် ပိုင်ယီတို့ စကားပြောရင်း အားကစားကွင်းသို့ ပြန်လာနေကြသည်။
သို့သော် သူတို့ အားကစားကွင်းသို့ ပြန်ရောက်လာသည်နှင့် အားကစားကွင်းတစ်ခုလုံး တိတ်ဆိတ်နေသည်ကြောင့် ယဲ့ဖန် မှင်တက်သွားရသည်။

Class 2 Grade 3 အတန်းသားများအားလုံး ပျာယာခတ်နေသော ယုန်လေးများလို ထိတ်လန့်တကြား ဖြစ်ကာ တန်းစီရပ်နေကြသည်။

တစ်ချို့အတန်းသားများဆိုလျင် သရဲကို တွေ့လိုက်ရသကဲ့သို့ ဖြူစုတ်နေကာ ချွေးများနှင့် ရွှဲနစ်နေကြသည်။
ထို့အပြင် P.E ဆရာဖြစ်သူ မစ္စတာယောင် ပါ ကျောင်းသားများကဲ့သို့ ဘေးမှာ ရပ်နေသည်။

ကျောင်းသားများအားလုံး၏ ရှေ့တွင် ထိပ်ပြောင်ပြောင်နှင့် ခပ်ကြမ်းကြမ်းလူ တစ်ယောက် ရှိနေသည်။

ထိုသူသည် အရပ် ၂မီတာနီးပါး ရှည်ကာ အားလုံး၏ ရှေ့တွင် ရပ်နေသည်မှာ မျှော်စင်ကြီးကဲ့သို့ပင် ဖြစ်သည်။

ထို့ပြင် သူ၏ ပြောင်လတ်နေသော ခေါင်းပေါ်တွင်"နတ်ဆိုး၏ဦးခေါင်း"ကဲ့သို့ တက်တူးတစ်ခု ရှိသည်။
သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ငလျင်လှုပ်သွားသလိုပင်။

ထိုသူကို မြင်ပြီး ပိုင်ယီမျက်နှာလေး ဖြူဖတ်ဖြူရော် ဖြစ်သွားကာ ယဲ့ဖန်အား ခပ်တိုးတိုးလေး ပြောလိုက်သည်။ "ယဲ့ဖန်…. နင့်အတန်းဖော်တွေကတော့ ကံဆိုးပြီပဲ"

*အမ်?*

ယဲ့ဖန် ကြောင်သွားပြီး အူကြောင်ကြောင်နှင့် ပြန်ကြည့်လိုက်မိသည်။

"အဲ့သည့်ထိပ်ပြောင်နဲ့လူကြီးက နတ်ဆိုးနည်းပြပဲ။ သူက ရက်စက်လွန်းတယ်လို့ နာမည်ကြီးတယ်။ သူက ပြောစကားနားမထောင်တဲ့ ကျောင်းသားတွေကို ဆော်ပလော်တီးရတာကို အကြိုက်ဆုံးပဲ။ ကျောင်းက ကျောင်းသားဆိုးတွေ အားလုံးနီးပါး သူ ရိုက်တာ ခံရဖူးတယ်။ ဆရာတစ်ချို့တောင် သူရိုက်တာ ခံရဖူးတယ်"

"ပြီးတော့ သူက MMA ပြိင်ပွဲမှာ နှစ်တိုင်း ချန်ပီယံ ဖြစ်နေတာ။ သူ့ပြိုင်ဘက်ကို သူ ထိုးလိုက်၊ ကန်လိုက်တိုင်း အဲ့လူတွေ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားကြတာချည်းပဲ။ အဲ့ဒါကြောင့် လူတိုင်းက သူ့ကို နတ်ဆိုးနည်းပြလို့ ခေါ်ကြတာ"

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now