Chapter 180

1.7K 167 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (12) Chapter (180) ကိုးဆင့် သွေးဝင်္ကပါ

ကျန်းရှီမြို့၏ ဆင်ခြေဖုံးရပ်ကွက်အတွင်း၌ ခြေသံများနှင့်အတူ ကြွက်သား အမြောင်းမြောင်းထနေသော သူများနှင့် ပြည့်နှက်လို့လာသည်။

သူတို့သည် ကျန်းနန် စီရင်စု ဒေသကို ရှင်းလင်းသုတ်သင်ခဲ့သည့် ရှန့်ကျန်းမြို့မှ အင်အားစုများ ဖြစ်သည်။

"မာစတာ…. ယဲ့ဖန်ရဲ့ အိမ်က မလှမ်းမကမ်းမှာ ရှိပါတယ်"

ဆရာသခင် တစ်ပိုင်းအဆင့် ဖုန်းရှောင်ထျန်းက လီကျိုးယောင်ကို ပြောလိုက်သည်။ သူ့စကားကြောင် လီကျိုးယောင်၏ မျက်လုံးများက အေးစက်လာကာ ရေရွတ် လိုက်သည်။

"နောက်ဆုံးတော့ ငါတို့ ဒီကို ရောက်လာပြီပဲ"

လီကျိုးယောင်က သူ၏ ပထမတပည့် လင်းပြောင်နှင့် ဒုတိယတပည့် လော့စစ်တို့အား မြင်နေရသကဲ့သို့ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

"လင်းပြောင်…လော့စစ်… ငါ ဒီနေ့ မင်းတို့အတွက် လက်စားချေပေးမယ်"

"ငါ ယဲ့ဖန်ကို တစ်စစီ ဖြစ်အောင် လုပ်ပြီးတော့ သူနဲ့ ပတ်သက်တဲ့ သူတွေကို သတ်ပစ်မယ် … သူတို့ရဲ့ သွေးတွေနဲ့ မင်းတို့အတွက် ယဇ်ပူဇော်ပေးမယ်"

လီကျိုးယောင်၏ မျက်လုံးများက ကြမ်းတမ်းသော ချီစွမ်းအင်များနှင့် ပြည့်နှက်လာသည်။

သူ့နောက်၌ ရပ်နေသော အင်အားစုကလည်း အလွန် စိတ်အားတက်ကြွလာ၏။

ဤသည်ကား သူတို့၏ နောက်ဆုံးပိတ် တိုက်ပွဲဖြစ်ပြီး သူတို့၏ ဂုဏ်သရေကို ရရှိရန် နောက်ဆုံးအခွင့်အရေးလည်း ဖြစ်ပေသည်။

"သေပေတော့…သေပေတော့…သေစမ်းကွာ"

ရှန့်ကျန်းအင်အားစုများက လက်သီးလက်မောင်း တန်း၍ ကျယ်လောင်စွာ အော်ဟစ် လိုက်ကြသည်။ သူတို့ရန်သူ၏ သွေးကို အသုံးချ၍ သူတို့၏ ဂုဏ်ကျက်သရေ တိုးပွားလာရန် မစောင့်နိုင်တော့ချေ။

ထို့ကြောင့် ရှန့်ကျန်း အင်အားစုများ အရှိန်မြှင့်၍ လှမ်းလာကြသည်။ သို့သော် ယဲ့ဖန်အိမ်သို့ မရောက်ခင် မိုင် တစ်ထောင့်ခြောက်ရာ အကွာသို့ ရောက်သည်နှင့် လီကျိုးယောင် မျက်ခုံးလှုပ်လာသည်။တစ်ခုခု မူမမှန်သလို သူ ရုတ်တရက် ခံစားလာရသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now