Chapter 15

3.6K 473 0
                                    

စာစဉ်(၁) အပိုင်း (၁၅) ဖက်တီး! ငါ့ညီ...

ဆရာမဖန့်၏ ရုံးခန်းအတွင်းမှ ထွက်လာပြီးနောက် ယဲ့ဖန် အတန်းထဲသို့ ပြန်မသွားတော့ဘဲ ကျောင်းစာကြည့်တိုက်သို့သာ တန်း၍ သွားလိုက်သည်။

ကျန်းရှီမြူနီစီပယ် စီနီယာအလယ်တန်းကျောင်း၏ စာကြည့်တိုက်တွင် စာအုပ်အမျိုးအစားများ စုံလင်စွာ ရှိသည်။

ယဲ့ဖန်သည် ကမ္ဘာမြေပေါ်ရှိ အသုံးဝင်သော အချက်အလက်အားလုံးကို သိရှိလိုသည်။

သူ ကမ္ဘာပေါ်မှ ထွက်သွားရန် အချိန်များစွာ ယူရလိမ့်မည်၊ ထို့ကြောင့် ဒီကမ္ဘာပေါ်မှာ ရေလိုက်ငါးလိုက် နေနိုင်ဖို့ လိုအပ်လေသည်။

ယဲ့ဖန်သည် နိုင်ငံရေး၊ ပထဝီဝင်၊ သမိုင်း၊ သက်ရှိအရာများအကြောင်း စသည့် စာအုပ်ပေါင်း စုံလင်စွာ ဖတ်နေသည်။ သူသည် တစ်ချက်ကြည့်ရုံနှင့် စာအုပ်ထဲမှာ ပါသည့် အရာအားလုံးကို မှတ်မိလေသည်။ ဒါတောင်မှ သူ စာကြည့်တိုက်တစ်ခုလုံးရှိ စာအုပ်အားလုံးကို ဖတ်လို့ပြီးသွားသောအခါ မှောင်တောင်မှောင်နေပြီ ဖြစ်သည်။

သူ စာကြည့်တိုက်မှ ထွက်လာသောအခါ သူ့ဖုန်းမှ အသံမြည်လာသည်။

ဖေးချမ် ဖုန်းဆက်တာဖြစ်သည်။

ဖေးချမ်က ဘားသွား၍ အပန်းဖြေရန် ပြောလာသည်၊ ယဲ့ဖန် ငြင်းလိုက်ချင်သော်လည်း သူ့တွင် သူငယ်ချင်းဟူ၍ ဖေးချမ်တစ်ယောက်တည်းသာ ရှိသည်ကို သတိရမိပြီး လက်ခံလိုက်သည်။

....

ညနှင်းဆီ!!

ဘားများ၊ကလပ်များရှိသည့်လမ်းတွင် လူအစည်ဆုံးဘားဖြစ်သည်။

နီယွန်မီးရောင်များအောက်တွင် ယောကျ်ား၊မိန်းမ တူယှဉ်တွဲကနေကြ၏။

ဘားထဲဝင်လိုက်သည်နှင့် နားစည်ကွဲမတတ် တီးလုံးများကို ယဲ့ဖန် ကြားလိုက်ရသည်။ ကခုန်သည့်နေရာတွင် လူများသည် ဟန်ဆောင်မျက်နှာဖုံးများကို ခွာချ၍ တိရိစ္ဆာန်များလို သူတို့ စိတ်ဆန္ဒအတွက် ထွက်ပေါက်ရှာနေကြသည်။

"ဖန်...ငါ ဒီမှာ"

ယဲ့ဖန် အထဲဝင်လာသည်နှင့် ဖက်တီးက သူ့ထံ လက်ဝှေ့ရမ်း၍ နှုတ်ဆက်လာသည်။ ယဲ့ဖန် ပြုံး၍ သူ့ဆီ လျှောက်သွားသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Donde viven las historias. Descúbrelo ahora