Chapter 29

3.1K 377 3
                                    

#unicode

အပိုင်း (၂၉) ဒါ ကျုပ်ရဲ့ ပထမဆုံးအကြိမ်လေ...ဘယ်လိုနေလဲ

သူ ရူးနေပြီ!

လင်းလန် အမြင်တွင်တော့ ယဲ့ဖန်သည် သွက်သွက်ခါအောင် ရူးသည့်အရူးသာ ဖြစ်သည်။

သူက မော်တော်ကားကို ဘာပစ္စည်း ကိရိယာမှ မသုံးဘဲ အသစ်ပြန်လည် ပြင်ဆင်မွမ်းမံချင်နေပြီး ပြိုင်ကားနှင့် ယှဉ်၍ ပြိုင်မောင်းချင်နေသေးသည်။

သူ...သူ ရူးနေတာမလား?

"အချိန်ဖြုန်းမနေနဲ့...ဘယ်လိုလုပ် ဒီကားက ပြိုင်ကားကို အမှီလိုက်နိုင်ပါ့မလဲ။ ရှင် အသစ်ပြန်ပြင်ဆင်ချင်ရင်တောင် အဲ့လိုပြင်နေတဲ့အချိန်မှာပဲ သူတို့ မြို့ထဲရောက်ပြီးနေလောက်ပြီ။ ကျွန်မတို့ သူတို့ကို ရှာလို့တောင် တွေ့မှာ မဟုတ်တော့ဘူး"

ယဲ့ဖန်၏ အပြုအမူများနှင့် ပတ်သက်ပြီး လင်းလန် အာစေးမိနေသည်။

သူမအမြင်တွင်တော့ ယဲ့ဖန်သည် ရူးကြောင်ကြောင်နိုင်သော အရာတစ်ခုကို လုပ်နေခြင်းသာ။

သို့သော်ငြားလည်း ယဲ့ဖန်က သူမကို ဥပေက္ခာပြုထားသည်။

နတ်ဆိုးဧကရာဇ်တယောက် ဖြစ်သည့်အားလျော်စွာ ယဲ့ဖန်သည် သိပ္ပံပညာနှင့် နည်းပညာဆိုင်ရာ ယဉ်ကျေးမှုများနှင့် ပတ်သတ်ပြီး အတွေ့အကြုံ များစွာ ရှိသည်။

တစ်ခြားသောဂြိုလ်များသည် ကမ္ဘာကြီးထက် ပို၍ အင်အားကြီးကာ ပို၍လည်း နည်းပညာ ဖွံ့ဖြိုးတိုးတက်သည်။

ယဲ့ဖန်အတွက်ကတော့ သူ့မှာသာ ပစ္စည်းကိရိယာ အလုံအလောက် ရှိပါက အာကာသလွန်းပြန်ယာဉ်ကိုပါ တပ်ဆင်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် ကားတစ်စီးလောက်ကတော့ သူ သေချာပေါက် တပ်ဆင်နိုင်လေသည်။

ယဲ့ဖန်၏ မျက်လုံးမှ ခရမ်းရောင်အလင်းများ ထွက်နေကာ လက်ကလည်း လျှပ်စီးကဲ့သို့ ပစ္စည်းများကို တစ်စစီ ဖြုတ်ယူနေသည်။

သူက လက်ဖြင့် ဝက်အူများကို တစ်ခုပြီးတစ်ခု ဖြုတ်နေသည်။ သူ၏လက်ကလည်း သံနှင့်ပြုလုပ်ထားသော ပလာယာလားဟုတောင် မှတ်ယူရသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now