Chapter 174

1.9K 166 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (12) Chapter (174) ငရဲသို့ ခရီးနှင်ခြင်း

ရှုအိမ်တော် ခြံဝန်းတစ်ခုလုံး တိတ်ကျလို့နေသည်။
မည်သူမှ အသံတစ်စိုးတစ်လေမျှ မထွက်ရဲကြချေ။ တိတ်ဆိတ်နေပုံက အပ်ကျသံကိုပင် ကြားရလောက်ပေသည်။

လူတိုင်း ခြံဝန်းထဲရှိ ချိုင့်ခွက်ကြီးကို အကြည့်ရောက်နေကြသည်။ မြေကြီးပေါ်ရှိ ပျံ့ကျဲနေသော သွေးအိုင်ကြီးကို ကြည့်ပြီး လူတိုင်း ထိတ်လန့်နေကြသည်။

*သူသေသွားပြီ*

*ဆရာသခင် ရောက်ခါနီးအဆင့်က သူက ကြက်ကလေး ငှက်ကလေးလို ခြေလှမ်း လေးလှမ်းနဲ့ အနင်းခံရပြီး သေသွားတယ်*

*ဒါ မဖြစ်နိုင်ပါဘူး*

သာမန်သူများအတွက် ဆရာသခင်အဆင့်က သူများသည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သို့သော်လည်း ထိုကဲ့သို့ ပုဂ္ဂိုလ်က ခြေလှမ်း လေးလှမ်းအတွင်း တကယ်ပင် သေဆုံးသွားခဲ့သည်။

ဂလု!

ကောင်းကင်ဘုံ နံပါတ်တစ် တံတွေးကို မနည်းမျိုချကာ ဖြူဖတ်ဖြူရော် မျက်နှာနှင့် ယဲ့ဖန်အား သရဲသဘက်ကို ကြည့်နေသကဲ့သို့ ကြည့်နေမိသည်။

*နတ်ဆိုး*

*သူက တကယ့် နတ်ဆိုးပဲ*

ယဲ့ဖန်က ဤကဲ့သို့ စွမ်းဆောင်မှုမျိုး လုပ်ဆောင်နိုင်လိမ့်မည်ဟု ကောင်းကင်ဘုံ နံပါတ်တစ် ထင်မှတ်မထားမိပါ။

သူ လူသန်ကြီး၏ သေဆုံးမှုကို တစ်သက်လုံး စိတ်ထဲ စွဲနေအောင် မှတ်မိနေမှာ ဖြစ်သည်။

"မော့ဟမ်ရှန့်…ခွေးမသား"

ကောင်းကင်ဘုံ နံပါတ်တစ်သည် မော့ဟမ်ရှန့်အပေါ် ဒေါသထွက်ကာ အံကို တင်းနေအောင် ကြိတ်လိုက်မိသည်။

ဤကဲ့သို့ နတ်ဆိုးအစွမ်းမျိုး ရှိသည့်သူအား သတ်ရန် မော့ဟမ်ရှန့်က သူ့ကို ခိုင်းစေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပါ။

ဒါ ကိုယ့်သေတွင်းကိုယ် တူးတာနှင့် ထူးမခြားနားပင်။
ညအဖွဲ့၏ အရှင်သခင် သုံးယောက်အား ဆိုးဆိုးရွားရွား ဒဏ်ရာရစေခဲ့သည့်အပြင် ယဲ့ဖန်အား သတ်ရန် ကြံစည်မိခဲ့သည်ကို ပြန်အမှတ်ရမိသည်နှင့် ကောင်းကင်ဘုံ နံပါတ်တစ် ဒယီးဒယိုင် ဖြစ်ကာ ဆံပင်မွှေးပင် ထောင်လာသလို ခံစားရသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now