Chapter 199

1.8K 171 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (14) Chapter (199) ဒါကြောင့် မင်း သေကို သေရမယ်

ဘန်း!

နောက်ထပ် ဆရာသခင်တစ်ယောက်၏ သံမဏိလက်သီးက ယဲ့ဖန်၏ နောက်ကျောသို့ အင်နှင့်အားနှင့် ထိမှန်လာသည်။

သွေးအပြည့် တစ်လုပ် အန်လိုက်မိရင်း ယဲ့ဖန်၏ မျက်လုံးများမှ ဒေါသရိပ်တို့ ယှက်သန်းလာသည်။

"သေပေတော့"

ယဲ့ဖန်က ရုတ်တရက် နောက်လှည့်ကာ ဆရာသခင်၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

ဆရာသခင်က သူ့လက်များကြားမှ လွတ်အောင် ရုန်းကန်သော်လည်း မရပေ။

ထိုစဉ် ယဲ့ဖန်က သူ၏ သံမဏိ လက်ဖဝါးကို ထိုဆရာသခင်၏ ရင်ဘတ်သို့ ထိုးစိုက်လိုက်သည်။

သွေးများက ဒလဟော စီးကျလာပြီး ဆရာသခင်၏ ခန္ဓာကိုယ်က နေရာမှာတင် တောင့်တင်းသွားသည်။ ယဲ့ဖန်က ဤမျှ ရက်စက်သည့် နည်းဖြင့် ပြန်တိုက်လာမည်ဟု သူ ထင်မထားခဲ့မိပါ။

"ကောင်စုတ်လေး"

ဤမြင်ကွင်းကြောင့် ယွီပါ့နှင့် အခြားသူများ ပို၍ ဒေါသထွက်လာစေသည်။

သို့သော် နောက်ထပ် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်ကြောင့် သူတို့ သေမတတ် ကြောက်လန့်သွားကြသည်။

ဘန်း! ဘန်း! ဘန်း!

အင်အားစုများ တစ်ချက်ပြီး တစ်ချက် ဆင့်ကာ ထိုးနေသော လက်သီးချက်များကို ယဲ့ဖန် ငြိမ်၍ ခံနေသည်။ ထို့အပြင် လက်သီးတစ်ချက် ထိုးခံရတိုင်း သူ သွေးအန်လာသည်။

ထို့နောက် ထိုတိုက်ကွက်များကို ဆက်၍ ခံနေရင်း သူက ဆရာသခင်များ၏ နှလုံးသားကို သူ့လက်ဖဝါးဖြင့် ထိုးဖောက်လိုက်သည်။

တစ်ယောက်….

နှစ်ယောက်….

သုံးယောက်….

ယဲ့ဖန်သည်လည်း သွေးအန်နေသလို သူ့အား တိုက်ခိုက်နေသော ဆရာသခင်များ ကလည်း တစ်ယောက်ပြီး တစ်ယောက် လဲကျသွားသည်။

ဒဏ်ရာအတွက် ဒဏ်ရာ၊ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now