Chapter 27

3.1K 400 8
                                    

#unicode
အပိုင်း (၂၇) အမြတ်အစွန်း များများစားစား ရခဲ့တာ

မနက်လင်းသောအခါ နွေးထွေးသော နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် လင်းလန်၏ မျက်နှာပေါ်သို့ ကျရောက်လာလေသည်။

မျက်မှောင်ကြုတ်လိုက်မိပြီးနောက် လင်းလန် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။

"အ..အ"

မျက်လုံးဖွင့်လိုက်မိသည်နှင့် သူမခန္ဓာကိုယ်က ပုံမှန်မဟုတ်ဘဲ ရထားတက်ကျိတ်တာ ခံထားရသလိုမျိုး နာကျင်နေသည်။

အဝတ်အစားတွေ ပြဲနေသလိုမျိုး ခံစားမိတာကြောင့် သူမ တုန်ယင်သွားသည်။

*ငါ ဘယ်ရောက်နေတာလဲ?*

ထူးဆန်းသော ပတ်ဝန်းကျင်ကြောင့် သူမ ထိတ်လန့်သွားသည်။ သူမ ကြောက်လန့်နေသော ယုန်လေးသဖွယ် ချက်ချင်း ထထိုင်လိုက်မိသည်။

ထိုစဉ် သူမကိုယ်ပေါ်မှ စောင်လေး လျှောကျသွားကာ သူမ၏ နူးညံ့ ဖြူဖွေးသော အသားအရေလေး ထွက်ပေါ်လာသည်။ သူမမျက်နှာ အမူအရာ ပြောင်းလဲသွားသည်။

*ငါ အဝတ်အစား မဝတ်ထားဘူး!*

"အား…"

လင်းလန် ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။ ထိုအချိန်တွင် တည်ငြိမ်သော ယောကျ်ားတစ်ယောက်၏ အသံကို ကြားလိုက်ရသဖြင့် သူမ မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားသည်။

"၃၉၈၂ ကြိမ်! အလှလေး..မင်းညက ၃၉၈၂ ကြိမ် အော်ထားပြီးတာတောင် မမောသေးဘူးလား"

တိန်!

လင်းလန် ထိုယောကျ်ားသံကြောင့် မှင်တက်မိသွားသည်။ သူမ ဘေးကို လှည့်ကြည့်လိုက်သောအခါ ကုတင်တစ်ဘက်၌ လှဲနေသော ယောကျ်ားတစ်ယောက်ကို တွေ့လိုက်ရသည်။

"နင်…နင်ကိုး"

ယဲ့ဖန်ကို မြင်လိုက်ရပြီးနောက် လင်းလန် အံ့အားသင့်သွားသည်။ ထို့နောက် သူမက ဒေါသထွက်နေသော ကျားပေါက်လေးလို ယဲ့ဖန်အား ဒေါသတကြီး ကြည့်ကာ ရိုက်နှက်လိုက်မိသည်။

သူမ နဝေတိမ်တောင်ဖြစ်နေကာ ဒီလူနှင့် နောက်တစ်ကြိမ် ထပ်အိပ်မိလိမ့်မယ်လို့ သူမ မထင်ထားမိခဲ့ပေ။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now