Chapter 25

3.2K 393 2
                                    

#unicode

အပိုင်း (၂၅) ငါ မင်းဆန္ဒတွေကို ဖြည့်ဆည်းပေးရတာပေါ့

"မင်းတို့ အားလုံး အတူတူ သေလို့ရပါတယ်" ထိုအသံသည် မြေအောက်ကမ္ဘာက လာသည့်အလား အေးတိအေးစက် နိုင်ကာ အခန်းထဲမှ လေထုအား အေးခဲသွားစေသည်။

ရုတ်တရက် ခေါင်းဆောင်က မှင်တက်သွားသည်။ ထို့နောက် သူတို့အားလုံး နောက်သို့ ခပ်သွက်သွက် လှည့်ကြည့်လိုက်သောအခါ မှောင်ရိပ်ကွယ်နေသော ထောင့်တစ်နေရာမှ လူတစ်ယောက် မြင်လိုက်ရသည်။

"ဘယ်သူလဲ…ထွက်လာခဲ့စမ်း"

ဤအဖြစ်အပျက်ကြောင့် သူတို့မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။ သူတို့ ဝင်လာတုန်းက အခန်းထဲ၌ ဘယ်သူမှ မရှိတာ သေချာလှသည်။ *ဒီလူ အခန်းထဲကို ဘယ်လိုလုပ် ရောက်နေတာပါလိမ့်?*

လူဆိုးအားလုံး အပြုအမူတွေ‌ လေးနက်လာကာ ခဏလေးအတွင်းမှာပင် တိုက်ခိုက်ရန် သူတို့ဓားမြှောင်တွေကို ဆွဲထုတ်လိုက်ကြသည်။

ခြေသံတသဲ့သဲ့ကြားရပြီးနောက် မှောင်ရိပ်ထဲမှ လူက ဖြည်းဖြည်းချင်း လျှောက်လာသည်။

ထိုသူသည် ယဲ့ဖန်ပင်။

ယဲ့ဖန်၏မျက်နှာက အလွန့်ကို သုန်မှုန်နေသည်။ ထိုသူတွေက လင်းလန်ကို ပြန်ပေးဆွဲလာရုံသာမကဘဲ ယဲ့ဖန်၏အိမ်သို့ပါ သူမကို ခေါ်လာပြီး ဝိုင်းမုဒိမ်းကျင့်ကာ သတ်ရန် ကြံစည်ကြသည်။ ပြီးနောက် သူတို့ အပြစ်တွေကို ယဲ့ဖန်အပေါ် လွှဲချချင်နေသေးသည်။ မည်မျှဆိုးယုတ်လာတဲ့ လှည့်ကွက်ပါလိမ့်။

ထို့ကြောင့် သူတို့အားလုံးကို သတ်ပစ်ရန် ယဲ့ဖန် ဆုံးဖြတ်ချက် ချထားပြီးသား ဖြစ်သည်။

"သုံးစားမရတဲ့ကောင်…မင်းကိုး"

ယဲ့ဖန်ကို မြင်လိုက်သည့်ခဏ သူတို့ ကြောင်သွားကြသည်။ ပြီးမှ စိတ်သက်သာရာ ရသွားကြသည်။

"အဟက်… မင်း ပြန်လာလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။ ဒီကစားပွဲက ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းလာပြီပဲ"

လူဆိုးခေါင်းဆောင်က ယဲ့ဖန်အား အထင်အမြင်သေးစွာ ပြောဆိုလိုက်သည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now