Chapter 1

25K 1K 26
                                    

ငရဲမှလာသောသူ
အပိုင်း (၁) ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး

ကျန်းရှီမြို့ ၊ ဧကရာဇ်ဟိုတယ်၏ ခမ်းနားသောအခန်းအတွင်း၌

"အား....."

နားကြားပြင်းကတ်စရာကောင်းသော အော်သံကို ကြားရပြီးနောက် ယဲ့ဖန် မျက်မှောင်ကြုတ်လျက် မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။

ထိုအခါ စွတ်စွတ်ဖြူနေသောအိပ်ယာခင်းနှင့် ဗလာကျင်းနေသောခန္ဓာကိုယ်လေးအပေါ်၌ အဝတ်အစား လုံခြုံစွာကပ်နေခြင်းမရှိသော မိန်းမလှလေးကို သူ တွေ့လိုက်ရသည်။

သူမ၏အသားအရည်က ဖြူ၍ ချောမွေ့သည်။ လေးကိုင်းသဖွယ် မျက်ခုံးလေးနှင့် သူမ၏ မျက်နှာလေးက မိခင်သဘာဝကြီးက ထုဆစ်ထားသည့် အနုပညာလက်ရာအလား လှပလှသည်။

သို့သော် ဤလှပသောမျက်နှာဘေးက ရှက်ရွံ့မုန်းတီးဟန်ဖြင့် ဒေါသူပုန်ထလျက်ရှိနေ၏။

"နင်....နင် ဘယ်ကကောင်လဲ..ဘာလို့ ဒီကို ရောက်နေတာလဲ" သူမ နိုးလာသည့်အချိန်၌ သူမဘေးတွင် ယောက်ျားတစ်​ယောက် ရှိနေလိမ့်မည်ဟု လင်းလန် ထင်မထားခဲ့ပေ။

အဖြူရောင်အခင်းပေါ်က သွေးစွန်းကွက်ကို တွေ့လိုက်ရပီးနောက် လင်းလန် သတိလစ်မတတ် ဖြစ်သွားရသည်။

"ခွေးကောင်..လူရမ်းကား..ငါက အပျိုဟဲ့"

လင်းလန်က ယဲ့ဖန်ကို ခြင်္သေ့ပျိုမလေးကဲ့သို့ အော်ဟစ်လိုက်သည်။

*မင်းက အပျို..* (စိတ်ထဲက တွေးနေ၊ပြောနေတာကို **ခံပြီးရေးပါမယ်)

လင်းလန်စကားကို ကြားပြီးနောက် ယဲ့ဖန် ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။

*စကြဝဠာကို အုပ်ချုပ်တဲ့သူလေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့အပြင် နတ်ဆိုးဂြိုလ်ကို အုပ်စိုးတဲ့ နတ်ဆိုးဘုရင်ဖြစ်တဲ့ ငါ့အတွက် အိပ်ရာပေါ်မှာ အဖော်ပြုပေးချင်တဲ့ မိန်းမလှလေးတွေနဲ့ နတ်သမီးအပျိုစင်လေးတွေက ပေါမှပေါ..ဘာလို့ ငါက သူ့ကို အတင်းအကြပ်ရယူရမှာလဲ*

အခုတော့....

ယဲ့ဖန် တစ်ခုခုပြန်ပြောရန် ကြံစည်လိုက်ချိန်တွင် ထူးဆန်းသောမှတ်ဥာဏ်များက သူ့ခေါင်းထဲဝင်လာသည့်အတွက် သူ အနည်းငယ် ထိတ်လန့်သွားရသည်။

ငရဲမှလာသောသူ [Chapter 1 to 200]Where stories live. Discover now