အခန်း ၁၁၉

2.6K 241 3
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၁၉ စစ်တပ်အရာရှိ, ချန်းမင်

ဘာသာပြန်သူ - Charm.Y

"အဆင်ပြေပါတယ်." လီကျန်းကျန်းပြန်ဖြေလိုက်တယ်. ပြီးတော့ စိတ်ပူပင်စွာနဲ့,

"သူ ညီမကို ထိခိုက်အောင်တကယ်လုပ်မှာလားဟင်?"

လီကျန်းကျန်းမျက်နှာက မကြည်မသာဖြစ်နေတယ်. လီကျန်းယွီလဲ ကုနင်း လီကျန်းကျန်းကို ထိခိုက်အောင်လုပ်မလား မလုပ်ဘူးလား သေချာမသိပါဘူး. ကုနင်းက သူထိန်းချုပ်လို့ရတဲ့ အတိုင်းအတာအတွင်းမှာမရှိနေဘူး. သူ့အမြင်မှာတော့ ဒီကိစ္စက လီကျန်းကျန်းအမှားဆိုရင်တောင် ကုနင်းဘက်က ထိခိုက်အောင်မလုပ်သင့်ဘူး. သူမ ဘာလို့ ဒီကိစ္စကို ဒီအတိုင်းပဲမပြီးလိုက်နိုင်တာလဲ?

တစ်ယောက်ယောက်တော့ သူတို့ရဲ့ကိုယ်ကျင့်တရားနဲ့ပတ်သတ်ပြီး သင်တန်းပေးမှဖြစ်တော့မယ်. အပြစ်လုပ်မိတဲ့လူဘယ်သူမဆို သူတို့လုပ်ခဲ့တာအတွက် ပြန်ပေးဆပ်ရမယ်လေ.

လီကျန်းယွီ ဒီကိစ္စကို ချင်ယီဖန်းသိသွားမှာ စိုးရိမ်နေမိတယ်. ကုနင်းမှာ သက်သေမရှိဘူးဆိုရင်တောင် ချင်ယီဖန်းက ကုနင်းကို ယုံကြည်မလား လီကျန်းကျန်းကိုယုံကြည်ပေးမလားဆိုတာ လီကျန်းယွီလဲ သေချာမပြောရဲပါဘူး.

သူတို့က ချင်ယီဖန်းနဲ့ ပိုရင်းနှီးပေမယ့် ချင်ယီဖန်းက ကုနင်းကို ကြိုက်နေပုံရတယ်လေ. သူ ကုနင်းကို ယုံကြည်ဖို့ ရွေးမှာပိုဖြစ်နိုင်တယ်. ဘာပဲဖြစ်ဖြစ် ချင်ယီဖန်းအခုထိ အဖြစ်မှန်ကိုမသိသေးပုံရရင် ကုနင်းက မပြောပြပုံပဲ.

တကယ်လို့ ကုနင်းသာ အမှန်ကိုပြောပြလိုက်ရင် လီကျန်းယွီလဲ သူမကိုမတားနိုင်ပါဘူး. ချင်ယီဖန်း ကုနင်းကိုမယုံကြည်သွားဖို့ပဲ သူမျှော်လင့်နိုင်တယ်. မဟုတ်ရင် လီကျန်းကျန်းရဲ့ ဂုဏ်သတင်းပျက်စီးသွားလိမ့်မယ်. ချင်ယီဖန်းသာ နောင်အနာဂါတ်မှာ လီကျန်းကျန်းနဲ့ လက်မထပ်ဖြစ်ခဲ့ရင် သူတို့ရဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုလဲ ဆက်ထိန်းထားနိုင်မှာမဟုတ်ဘူး.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Место, где живут истории. Откройте их для себя