[Zawgyi]
ဖီးနစ်သွေးစက်အခန်း ၆၇ ထွက်ပြေးပြီ
"ဘာ? မင်းမထိရင် ငါ့ပန်းအိုးက ဘယ်လိုလုပ်ကျမှာလဲ!" ထိုလူကပြန်ပြီး အော်ပြောလိုက်တယ်.
"အဲ့တော့ဘာဖြစ်လဲ?" ကုနင်းမေးလိုက်တယ်.
"ဒီပဲစိမ်းစဥ့်ပန်းအိုးက ခန်ရှီခေတ်ကကွ. ဈေးထဲမှာဆို အနည်းဆုံးယွမ်၅သိန်းလောက်တန်တယ်! မင်းက ငယ်သေးတယ်ဆိုတော့ ယွမ်၅သိန်းနဲ့လောက်ဆိုလုံလောက်ပါပြီ."
ကုနင်းနှာခေါင်းရှုံလိုက်မိတယ်. ဒီလူတော်တော်အရှက်မဲ့တာပဲ.
"ကောင်းပြီလေ, ကျွန်မရှင့်ကို အလျှော်ပေးနိုင်ပါတယ်. ဒါပေမယ့် ရှင်ပြောတာမလုံလောက်သေးဘူး. ဒီတော့ ဒီကိစ္စကို ဖြေရှင်းဖို့ ကျွမ်းကျင်တဲ့လူတွေလိုသေးတယ်. ဒါက တကယ်ပဲ ယွမ်၅သိန်းတန်တယ်ဆိုရင် ကျွန်မချက်ချင်းပဲပေးလိုက်မယ်." လို့ကုနင်းပြောလိုက်တယ်.
ထိုလူအနည်းငယ်ထိတ်လန့်သွားကာ လေသံလျှော့လိုက်ပြီး,
"အဲ့လောက်ရှုပ်အောင်မလုပ်စမ်းပါနဲ့! ကျွမ်းကျင်ပညာရှင်နဲ့တွေ့ရင် အများကြီးကုန်မှာ. ငါ့မှာလဲ ရှေးဟောင်းပစ္စည်းစစ်သူဆိုတဲ့ တရားဝင်အထောက်အထားလက်မှတ်ရှိတယ်. ဒီပန်းအိုးကအစစ်ဆိုတာ အဲ့လက်မှတ်နဲ့ အတည်ပြုပေးနိုင်တယ်."
ပြောနေရင်းနဲ့ပဲ ထိုလူက သူပြောနေတဲ့ တရားဝင်အထောက်အထားလက်မှတ်ဆိုတာကြီးကို ထုတ်လိုက်တယ်. ကုနင်းကတော့ သေချာပေါက်မယုံကြည်ဘူးပေါ့.
"ဒီလောက်က ကိစ္စမရှိပါဘူး. ကုန်ကျစရိတ်ကို ကျွန်မပေးပါ့မယ်." သူမထပ်ပြောလိုက်တယ်.
ထိုလူခနမျှကြောင်သွားတယ်. သူလူရွေးမှားသွားပြီဆိုတာသိလိုက်ပေမယ့် အရှုံးမပေးချင်ပါဘူး.
"ငါမင်းနဲ့ အချိန်မဖြုန်းနေနိုင်ဘူး. အခုချက်ချင်းပိုက်ဆံပေး! အခုချက်ချင်းပေးရင်ပေး မဟုတ်ရင် ရဲခေါ်လိုက်မယ်!" ထိုလူ ခြိမ်းခြောက်လိုက်တယ်. သူကချက်ချင်းပဲဖုန်းကို ထုတ်လိုက်ကာ ရဲကို ဆက်တော့မလိုလုပ်နေလိုက်တယ်.
ŞİMDİ OKUDUĞUN
ဖီးနစ်သွေးစက် Book - 1(MMTranslation)
RomantizmBook 1 အပိုင်း (1- 200) Title: Reincarnation of Businesswoman at School Author: Warm Color Su Eng Translator: Henyee Translations Mm Translator : Charm.Y ထန်အိုက်နင်းဟာ မိသားစု၏ သာမာန်ကြိုးဆွဲရာကနေရတဲ့သူတစ်ယောက်ပါ. စီးပွားရေးသူလှျိုအဖြစ်သာမက ကြေးစား...