အခန်း ၁၄၄

2.5K 232 2
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၄၄ ဟောင်ရန်၏မိဘများ

ဘာသာပြန်သူ - Charm.Y

ဒါပေမယ့် တချို့လူတွေကတော့ ထိုလူရဲ့အပြုအမူကို မနှစ်သက်ကြပါဘူး. ဒါက ဆရာကြီးချင်၏မွေးနေ့ပွဲဖြစ်တယ်. သူဒီအချိန်မှာ အန်းကွမ်းယောင်ကို ပြဿနာမရှာသင့်ဘူး. ပြီးတော့ ချင်မိသားစုရဲ့ အမြင်မကြည်မှုကိုလဲ ခံသွားရလိမ့်မယ်.

ထိုလူရဲ့နာမည်ကတော့ ဝူလျန်ချင်းဖြစ်ပြီး မြို့တော်Fက လုပ်ငန်းစုကြီးတစ်ခု၏အခွဲမှ ဥက္ကဌတစ်ယောက်ဖြစ်ကာ အသက်ကတော့ အန်းကွမ်းယောင်နှင့်အတူတူပါပဲ.

ထိုရုံးခွဲတွင် အိမ်ခြံမြေလုပ်ငန်းပါဝင်ပြီး ရင်းနှီးငွေ ယွမ်၁ဘီလီယံရှိပါတယ်. ဝူလျန်ချင်းက ဥက္ကဌဖြစ်တာကြောင့် ထိုရုံးခွဲ၏ ရှယ်ယာ၂၅ရာခိုင်နှုန်းကိုပိုင်ဆိုင်ပါတယ်. သူ့ရဲ့အသားတင်ပိုင်ဆိုင်မှုကလဲ ယွမ်သန်း၂၀၀ကနေ ၃၀၀အထိရှိပါသေးတယ်.

ဝူလျန်ချင်းသည် ရည်ရွယ်ချက်ကြီးသူဖြစ်ပြီး ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းကို သူ့အပိုင်ဖြစ်အောင်စီစဉ်ထားပေမယ့် သင့်တော်တဲ့ဈေးနှုန်းကိုတော့မပေးချင်ခဲ့ပါဘူး. ဒါကြောင့် ကုနင်းမှာအခွင့်ရေးရှိသွားခဲ့တာပါ.

အန်းကွမ်းယောင်ဒေါသထွက်သွားပေမယ့် မျက်နှာပေါ်မှာတော့အမူအရာမပေါ်စေပါဘူး. ပြီးတော့ ပြန်ပြောလိုက်တယ်,

"အိုး, ကျွန်တော် ဒေဝါလီခံရလုနီးနီးဖြစ်သွားပေမယ့် ဥက္ကဌဝူက ကျွန်တော့်အတွက် ဝမ်းသာပေးနေသေးတာပဲ. တော်တော်စိတ်ဝင်စားဖို့ကောင်းသွားပြီ!"

"ဥက္ကဌအန်း, ကျွန်တော့်ကို စိတ်မဆိုးပါနဲ့. အဲ့လိုသဘောပြောတာမဟုတ်ပါဘူး. ကျွန်တော်ဝမ်းသာတယ်ဆိုတာက ခင်ဗျားရဲ့ ရှန်းဟွာအိမ်ခြံမြေလုပ်ငန်းဥက္ကဌရာထူးကို ဆက်ထိန်းသိမ်းထားနိုင်တာကို ဆိုလိုတာပါ." ဝူလျန်ချင်းရှင်းပြလိုက်ကာ သူ့တကယ့်ရည်ရွယ်ချက်ကိုတော့ ဝန်မခံပါဘူး.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now