အခန်း ၈၈

2.7K 293 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၈၈ ဘော့စ်, အရမ်းမိုက်တယ်!

ချူးဖေ့ဟန်က ၁၀ပတ်ပြည့်ဖို့ ကုနင်းထက် ၁မိနစ်သာနောက်ကျတယ်.

သာမာန်လူတစ်ယောက်အတွက် ၁ကီလိုမီတာပြေးဖို့ ၃မိနစ်နဲ့ ၃၀စက္ကန့်ကနေပြီး ၄မိနစ်အထိအချိန်ယူရပါတယ်. မင်းကြာကြာအချိန်ဆွဲပြေးလေ ပိုပြီးတော့ မောလေပါပဲ.

ကုနင်းက ၄ကီလိုမီတာကို ၁၃မိနစ်ကြာပြေးရပြီး, ချူးဖေ့ဟန်ကတော့ ၁၄မိနစ်ကြာပါတယ်.

ပြေးပြီးသွားတော့ ချူးဖေ့ဟန်က မောနေပေမယ့် သူကိုယ်ဟန်ကိုတော့ထိန်းထားနိုင်ပါသေးတယ်.

မုခယ်က ချူးဖေ့ဟန်ထက် ၁မိနစ်နောက်ကျပြီး မြေပေါ်တောင် လဲကျတော့မလိုမောပန်းနေခဲ့တယ်.

ယွီမီရှီကတော့ မုခယ်နောက်ကနေရောက်လာကာ ၅ပတ်ပြီးသွားပါတယ်. သူမလဲ ခြေကုန်လက်ပန်းကျနေပေမယ့် ရက်အတော်ကြာပြေးပြီးနောက်မှာတော့ အရင်ထက်ပိုသန်မာလာခဲ့ပါတယ်.

နောက်ဆုံးအဖွဲ့အနေနဲ့ ဟောင်ရန်, ချင်းကျီရွှမ်နဲ့ ကျန်းထန်ပင်းတို့ကတော့ ၁၀ပတ်ပြည့်ဖို့ မိနစ်၂၀နီးပါးအချိန်ယူလိုက်ရတယ်.

"ဟ-ဟ, ငါနောက်ဆုံးမဟုတ်ဘူး." ဟောင်ရန် စိတ်လှုပ်ရှားစွာနဲ့ရယ်မောပြီးပြောလိုက်တယ်. တကယ်လို့ သူသာနောက်ဆုံးဆိုရင် ကိုယ့်ကိုကိုယ်တောင် သတ်ပစ်မိလောက်တယ်.

"အဲ့လောက်လဲမဟုတ်ပါဘူး. မနက်ပိုင်းအတန်းပြီးတဲ့အထိစောင့်ရုံလေးပဲကို." ကျန်းထန်းပင်းက အေးဆေးပဲပြောလိုက်တယ်.

"စိတ်အေးအေးထားကြပါ. ငါတကယ်မလုပ်ပါဘူး. နင်တို့ကိုပိုတက်ကြွသွားစေချင်ရုံပါ." ကုနင်းပြောလိုက်တယ်.

"ဘာ? ဘော့စ်, နင်တော်တော်မရိုးသားတာပဲ." အားလုံးတစ်ညီတစ်ညွတ်တည်းထောက်ခံလိုက်ကြပေမယ့် အသံတွေကတော့ အားနည်းနေကြတယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now