အခန်း ၁၅၄

2.4K 215 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၅၄ အရမ်းအံ့ဩစရာကောင်းတာပဲ!

ဘာသာပြန်သူ - Chram.Y

စစ်ထူယဲ့နှင့် ချူးရွှမ်ဖန်တို့ကတော့ ကားထဲတွင် ထိုင်နေကြပြီး, ချူးဖေ့ဟန်, ယွီမီရှီနှင့် အန်းရီကတော့ သစ်ပင်ကြီးအောက်က ကျောက်တုံးကြီးတစ်တုံးပေါ်တွင်ထိုင်နေကြသည်. ဟောင်ရန်နှင့် ကျန်တဲ့ကောင်လေး၃ယောက်ကတော့ ဘေးနားက မြက်ခင်းပြင်ပေါ်တွင် ခြေပစ်လက်ပစ်လှဲနေကြသည်.

ချူးရွှမ်ဖန်က မောင်းသူနေရာမှာထိုင်နေကာ မှန်တံခါးကနေတစ်ဆင့် အဝေးမှ ကုနင်းပြေးလာတာကို သတိထားမိသွား၍ အံ့ဩစွာနဲ့,

"မဖြစ်နိုင်တာ! သူဒီအထိပြေးလာတာလား?"

ထိုစကားကိုကြားတော့ လူတိုင်းဝင်ပေါက်ဘက်ကိုကြည့်လိုက်ကာ အားလုံးလဲ အံ့ဩသွားကြသည်.

ချူးရွှမ်ဖန် ချက်ချင်းကားပြင်ထွက်လိုက်ပြီး ကုနင်းအနားရောက်လာသည်နှင့် ချက်ချင်းမေးလိုက်သည်,

"ဟေ့, မင်းဖန်ဟွားအဆင့်မြင့်အိမ်ရာကနေဒီကို တစ်လျှောက်လုံးပြေးလာတာလား?"

"ဟုတ်တယ်လေ." ကုနင်းပြန်ဖြေလိုက်သည်.

သူမ ၇ကီလိုမီတာတောင်ပြေးခဲ့ရတာကြောင့် အနည်းငယ်မောနေသည်. ဒါပေမယ့် သူမမျက်နှာနည်းနည်းနီနေပြီး အသက်ရှူနည်းနည်းမြန်နေရုံလောက်သာဖြစ်ပါတယ်. သူမ အဝေးကြီးပြေးလာတယ်လို့ လုံးဝကိုမထင်ချင်စရာပါပဲ.

"ဘုရားရေ! ၇ကီလိုမီတာ! မင်းကြည့်ရတာ လုံးဝမမောသလိုပဲ. မဖြစ်နိုင်တာ." ချူးရွှမ်ဖန် သူ့စိတ်သူပြင်ဆင်ထားပြီးသားဖြစ်ပေမယ့် ကုနင်းဘက်က အတည်ပြုချက်ကိုကြားလိုက်ရတော့ အံ့ဩသွားရပြန်တယ်. သူလဲ ၇ကီလိုမီတာပြေးနိုင်ပေမယ့် သူ့ရဲ့ ခွန်အားတွေ သက်လုံတွေကိုတော်တော်လေးအသုံးပြုရမှာဖြစ်တာကြောင့် အေးအေးဆေးဆေးရပ်နိုင်ပြီး အသက်ပြန်ရှူနိုင်အောင် တော်တော်ပြန်လုပ်ရပါမယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now