အခန်း ၁၆၀

2.5K 207 1
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၆၀ မင်းက ချစ်ဖို့အရမ်းငယ်သေးတယ်

ဘာသာပြန်သူ - Charm.Y

လင်ရှောင်းထင် တကယ်ကြီးစိတ်လှုပ်ရှားသွားတာကို ကုနင်းခံစားမိလိုက်တော့ ပျော်ရွှင်သွားတယ်. သူမချက်ချင်းပဲ သူ့ကို ပြန်မေးလိုက်သည်,

"ရှင်ကော ကျွန်မကို သူ့ရဲ့ရည်းစားဖြစ်စေချင်လား မဖြစ်စေချင်ဘူးလား?"

"သေချာပေါက်မဖြစ်စေချင်ဘူး." လင်ရှောင်းထင် သတိလက်လွတ်ပြန်ဖြေလိုက်မိသည်, ဒီတော့ ကုနင်းက,

"ဘာလို့လဲ?"

"ဘာလို့လဲဆိုတော့...." လင်ရှောင်းထင် တခနလောက်ရပ်သွားသည်. ကုနင်း မျှော်လင့်ချက်အပြည့်နှင့်စောင့်ဆိုင်းနေချိန်မှာပဲ လင်ရှောင်းထင်က ထပ်ပြီးပြောလိုက်သည်,

"ဘာလို့ဆိုက မင်းက ချစ်ဖို့အရမ်းငယ်လွန်းသေးတယ်. မင်းစာအပေါ်ပဲ အာရုံပိုထားသင့်တယ်."

ထိုစကားကိုကြားတော့ ကုနင်းစိတ်တိုသွားကာ,

"မလုပ်ဘူး! လုံးဝမလုပ်ဘူး." ပြီးတာနဲ့ လင်ရှောင်းထင်ပြန်ပြောတာကိုတောင် မစောင့်ဘဲ  ကုနင်းဖုန်းချလိုက်သည်.

လင်ရှောင်းထင် ကုနင်းရဲ့တုံ့ပြန်မှုကြောင့် ကြောင်အသွားရသည်. သူ-သူဘာများမှားပြောမိသွားလို့လဲ? လင်ရှောင်းထင်လို မိန်းမတွေအကြောင်းမသိတဲ့လူအတွကတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပေမယ့် ထားလိုက်ပါတော့တယ်. ဒါကတော့ သူ့အနာဂါတ်မိန်းမကိုချဉ်းကပ်ရာမှာ လာလို့ဒုက္ခအများကြီးရောက်ရတယ်ဆိုတဲ့ အကြောင်းပြချက်ပါပဲ.

ထိုအချိန် ကြယ်ငါးပွင့်ဟိုတယ်တစ်ခုတွင် စစ်ထူယဲ့သည် ဆိုဖာကို မှီကာထိုင်နေသည်. သူအရင်တုန်းက မိန်းမတွေက ပြဿနာရှာတယ်လို့ပဲထင်ခဲ့တာကြောင့်  စိတ်မဝင်စားခဲ့ပါဘူး. ဒါကြောင့် နှစ်ပေါင်းများစွာ သူ့အနားမှာ မိန်းမတစ်ယောက်မှမရှိခဲ့တာပါ. ဒါပေမယ့် အခုတော့ သူ ကုနင်းကို တော်တော်လေးစိတ်ဝင်စားနေမိပြီ.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Dove le storie prendono vita. Scoprilo ora