အခန်း ၁၃၃

2.5K 222 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၃၃ သူနဲ့ထိုက်တန်တယ်.

ဘာသာပြန်သူ - Charm.Y

ကုရှောင်ရှောင်လုပ်ခဲ့ကြောင်းသတင်းက ပျံ့သွားပြီဖြစ်ပြီး မသိသလိုနေလိုက်ဖို့အလွန်ခက်သွားပါပြီ. သူ ကုရှောင်ရှောင်ကို ကူညီပေးချင်ရင်တောင်မှ မကူညီနိုင်ပါဘူး. ကုနင်းသာမက သူတို့ကျောင်းက တခြားကျောင်းသားတွေကလဲ ဖြေရှင်းချက်ကို လိုချင်နေကြတယ်.

ဒီကိစ္စကို ကောင်းကောင်းကိုင်တွယ်မဖြေရှင်းနိုင်ခဲ့ရင် ကျောင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်သွားစေနိုင်ပါတယ်.

"ချူးဖေ့ဟန်, ကုရှောင်ရှောင် ငါနဲ့ ကျောင်းစည်းကမ်းထိန်းသိမ်းရေးရုံးခန်းကိုလိုက်ခဲ့." သူက သာမာန်ဆရာတစ်ယောက်ဖြစ်တာကြောင့် သူတို့ကို ကျောင်းစည်းကမ်းထိန်းသိမ်းရေးရုံးခန်းကိုခေါ်သွားကာ စည်းကမ်းထိန်းသိမ်းရေးခေါင်းဆောင်ဆီအပ်မှပဲရပါမယ်.

ဒီကိစ္စက ကုရှောင်ရှောင်အမှားဆိုရင်တောင် ချူးဖေ့ဟန် သူမကိုရိုက်လိုက်တာကလဲ မှားပါတယ်. ဒါကြောင့် နှစ်ယောက်လုံးကျောင်းစည်းကမ်းထိန်းသိမ်းရေးရုံးခန်းကိုသွားဖို့လိုအပ်ပါတယ်. ဟောင်ရန်နဲ့ ကျန်တဲ့လူတွေကတော့ သူတို့ကဘာမှမလုပ်ခဲ့တာကြောင့် အပြစ်မပေးတော့ပါဘူး.

"မင်းတို့အကုန် ကိုယ့်အခန်းကို ပြန်သွားကြ!" ဝမ်ချန်းချီပြောလိုက်တယ်.

ဟောင်ရန်တို့ ချူးဖေ့ဟန်ကို စိုးရိမ်စွာနဲ့ကြည့်လိုက်တော့ သူမကတော့ အေးဆေးပါပဲ. ချူးဖေ့ဟန်မှာ ကျောင်းစည်းကမ်းထိန်းသိမ်းရေးရုံးခန်း သွားရောက်"လည်ပတ်"နေကျဖြစ်တာကြောင့် သိပ်ပြီး ဂရုမစိုက်နေပါဘူး.

ဟောင်ရန်နဲ့ တခြားလူတွေလဲ ချူးဖေ့ဟန် အဆင်ပြေမှုသိတာကြောင့် သူတို့အခန်းတွေဆီပြန်သွားလိုက်တယ်.

ကုရှောင်ရှောင် ရုံးခန်းကို မလိုက်ချင်ပေမယ့် မသွားလို့တော့မရပါဘူး.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now