အခန်း ၇

3.6K 409 0
                                    

[Zawgyi]

အခန်း ၇ အပြင်ထွက်မယ်

ကုမန့်လဲ လက်ဆောင်ပစ္စည်းတွေကို အိပ်ရာနားက စားပွဲအစွန်းမှာတင်လိုက်ပြီး အန်ချင်းကို ရေတစ်ခွက်ကမ်းပေးလိုက်သည်.

ကျေးဇူးပါ အန်ချင်းလဲ ရေခွက်ကိုယူလိုက်ပြီး ယဉ်ယဉ်ကျေးကျေးပဲ ကျေးဇူးတင်စကားပြောလိုက်တယ်.

ပြီးတော့ ကုနင်းဘက်လှည့်ပြီး
ကုနင်း, ဘယ်လိုနေသေးလဲ?

အိုး ကောင်းသွားပါပြီ ဆေးရုံကဆင်းလို့တောင်ရနေပြီ
ကုနင်းက ပြန်ဖြေလိုက်သည်.

တကယ်လား အန်ချင်းလဲ ကုနင်းအတွက် ဝမ်းသာသွားပြီး ဂုဏ်ယူပါတယ်
ကျေးဇူးပဲ ကုနင်းက ဖြေသည်.

ခနလောက်နေတော့ အန်ချင်းလဲ ကုနင်းနဲ့ သူမအမေကို ဆေးရုံအပြင်ဘက်အထိ လမ်းလျှောက်လိုက်ပို့ပေးသည်.

ကုမန့်က အန်ချင်းဒီဆေးရုံမှာအလုပ်လုပ်တယ်ဆိုတာ သိတာကြောင့် သူမကိုအလုပ်မရှုပ်စေချင်ပေမယ့် အန်ချင်းကတော့ သဘောမတူဘူး.

အန်ချင်း တိုက်တွန်းလွန်းတာကြောင့် ကုမန့်လဲ နောက်ဆုံးတော့ သဘောတူလိုက်ရတော့တယ်.

သူမတို့အပြင်ကိုရောကတော့ အန်ချင်းက သူမတို့အတွက် တက်စီကိုတောင်ခေါ်ပေးထားပြီးပြီ.
ကုမန့်က အန်ချင်းသူမတို့အတွက် လုပ်ပေးတာတွေကို ကျေးဇူးတင်ရုံနဲ့တင် မလုံလောက်နိုင်တော့ဘူးလို့ ခံစားနေရတယ်.

ကုနင်းအတွက်ကတော့ သိပ်မထူးခြားပါဘူး ဒါပေမယ့် အန်ချင်းရဲ့ယဉ်ကျေးပြူငှာမှုကိုတော့ ကျေးဇူးတင်ပါတယ်.
ကုနင်း နောက်ဆုံးတော့ ဆေးရုံက ထွက်သွားနိုင်တဲ့အတွက် အရမ်းကိုလွတ်လပ်ပြီး သက်တောင့်သက်သာ ခံစားရတယ်.

နှစ်နာရီလောက်ကြာပြီးနောက်မှာတော့ သူမတို့နှစ်ယောက် အိမ်ပြန်ရောက်လာပါပြီ

ကုနင်းနဲ့ သူမအမေတို့သည် နယ်မြေဟောင်းတစ်ခုရှိ အိုဟောင်းနေသောလမ်းကြားလေးထဲမှာ နေတာပါ.
ထိုနေရာက အိုဟောင်းလွန်းလို့ မကြာခင် အဖျက်ခံရနိုင်ချေတောင်ရှိပါတယ်.

ဒါကြောင့် ကုနင်းနဲ့ သူအမေတို့ ဒီနေရာမှာ ကြာကြာနေဖို့မဖြစ်နိုင်တော့ပါဘူး

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now