အခန်း ၃၉

2.8K 365 1
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၃၉ ကုမန့်မတော်တဆဖြစ်ခြင်း

ချန်းကျီယောင်, ကျန်းယီမင်နဲ့ ဖူမင်လျန်တို့လဲ စိတ်ပျက်နေကြသလို တစ်ချိန်တည်းမှာ ကြောက်ရွံ့နေကြပါတယ်. ကုနင်းက အခုဆို ခွန်အားရှိရုံတင်မဟုတ်တော့ဘဲ ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေရဲ့ အထောက်အပံ့ကိုပါရသွားပြီ. တကယ်လို့ သူမအပေါ် သူတို့လုပ်ခဲ့တာတွေအတွက် လက်စားချေချင်တယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ?

တွေးကြည့်ရုံနဲ့တင်ကို အရမ်းစိတ်ပူသွားကြတယ်.

ချင်ကျန်းရဲ့ လက်ရှိခံစားချက်ကတော့ ပြေးလမ်းကြောင်းတစ်ခုပေါ်မှာ ပြေးနေရသလိုပါပဲ. ကုနင်းက အခုဆို အတော်လေးအထင်ကြီးစရာကောင်းလာတာကြောင့် သူမကို လမ်းခွဲလိုက်မိတာအတွက်  နောင်တရနေမိတယ်.

ဒါပေမယ့် နည်းနည်းဆက်တွေးကြည့်မိတော့ သူပြန်ပြီး စိတ်ငြိမ်သွားရတယ်. ကုနင်းဘယ်လောက်ပဲ အထင်ကြီးစရာကောင်းနေပါစေ သူအတွက်ဘာအကူအညီမှမပေးနိုင်ဘဲ အရှက်သာရစေမယ့် ဆင်းရဲတဲ့ကောင်မလေးတစ်ယောက်ဖြစ်နေတုန်းပါပဲ.

အပြန်လမ်းမှာတော့ ကုရှောင်ရှောင်က ဖုန်းကိုထုတ်လိုက်ပြီး ကုမန့်ကို မက်ဆေ့တစ်စောင်လှမ်းပို့လိုက်တယ်. ထိုဟာကတော့ ကုနင်းတခြားသူတွေနဲ့ တိုက်ခိုက်နေတဲ့ပုံပါပဲ.

ထိုပုံထဲမှာတော့ ကုနင်းကို ကောင်လေးတွေက ဝိုင်းရိုက်နေတဲ့ပုံစံပေါက်နေပါတယ်.

ကုမန့် နေ့လည်စာစားပြီး အောက်ထပ်ကိုပြန်ဆင်းလာချိန် ဖုန်းဝင်လာသံကြောင့် ထုတ်ကြည့်လိုက်တယ်. သူမဖုန်းက ဟောင်းပြီးဈေးပေါတယ်ဆိုပေမယ့် ပုံတော့ဝင်ပါသေးတယ်.

ကုမန့်ဓာတ်ပုံကိုမြင်လိုက်တော့လန့်သွားပြီး လှေကားပေါ်ကနေ မတော်တဆပြုတ်ကျကာ ကြမ်းပြင်နဲ့ခေါင်းနဲ့ ရိုက်မိသွားတယ်.

တစ်ဖက်မှာတော့ လူအုပ်ကြီးကို ထားခဲ့ကာ ဟောင်ရန်နဲ့ သူ့သူငယ်ချင်းတွေက ကုနင်းကို တစ်ချိန်လုံးဘော့စ်ကြီးပဲခေါ်နေကြတယ်. အရင်တုန်းက မုခယ်လုပ်ခဲ့သလိုမျိုး သူတို့လဲ တစ်ပုံစံတည်းကိုလုပ်နေကြပါတယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now