အခန်း ၉၀

2.8K 315 1
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၉၀ သူမကိုယ်ပေါ် ရှာခွင့်ပေးလိုက်

ချင်ယီဖန်း ချက်ချင်းကုနင်းပေးတဲ့အထုပ်ကိုဆွဲယူကာ ဖွင့်လိုက်တယ်.

အထဲက ကျောက်စိမ်းကိုမြင်လိုက်တော့ သူဆွံ့အသွားကာ ကုနင်းကို မယုံကြည်နိုင်စွာနဲ့ လှမ်းကြည့်လိုက်တယ်.

"ဒါ..ဒါဖူလူရှိုးကျောက်စိမ်းပဲ!"

ပြီးတော့ ကြီးလဲကြီးသေးတယ်.

ဖူလူရှိုးကျောက်စိမ်းက အစိမ်းရောင်ဘုရင်လိုမျိုးပဲ ရှားပါးတယ်ဆိုတာ လူတိုင်းသိကြတယ်. တကယ်လို့ မင်းအရမ်းချမ်းသာနေရင်တောင်မှ တစ်ခုလောက်ဝယ်ဖို့တောင် ရှားပါးလွန်းပါတယ်.

"ဟုတ်တယ်, ဒါကို လက်ကောက်၎ခု, နားဆွဲ၎စုံ, ဆွဲသီး၎ခုနဲ့ လက်စွပ်ကြီးကြီးတစ်ကွင်းလုပ်ချင်တယ်. လက်စွပ်အကြီးကတော့ ရှင့်ရဲ့လက်မအရွယ်လောက်ပေါ့. ပြီးတော့ ကျန်နေမယ့်ဟာတွေကိုတော့ ဆွဲသီးဖြစ်ဖြစ် နားဆွဲဖြစ်ဖြစ်လုပ်ထားပေး." ကုနင်းပြောလိုက်တယ်.

ထိုစကားကိုကြားတော့မှ ချင်ယီဖန်းအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ,

"မင်းဒီဇိုင်းပုံစံတွေလုပ်ပေးစေချင်တာရှိလား?" သူမေးလိုက်တယ်.

"အင်း, ကျောက်စိမ်းဆွဲသီးတွေကို တစ်ခုက မြွေပုံ, နောက်တစ်ခုက နွားပုံ, နောက်တစ်ခုကိုတော့ ယုန်ပုံ ပြီးတော့ ကျန်တဲ့တစ်ခုကိုက နဂါးပုံထွင်းပေးပါ." ဒါတွေကတော့ ကုမန့်, ကုချင်, ကုနင်း နဲ့ ကျန်းရှင်းရွှယ်တို့ရဲ့ တရုတ်ရာသီခွင်ပုံတွေပဲဖြစ်ပါတယ်.

"ပြီးတော့ သူ့အစဉ်လိုက်အတိုင်းပဲ, "မန့်", "ချင်", "နင်း", "ရွှယ်"ဆိုပြီး အနောက်မှာ စာထွင်းပေးဦး. ပြီးတော့ လည်ကောက်လေးခုကိုလဲ အဲ့အတိုင်းပဲလုပ်ပေး. ကျွန်မ စာရွက်နေရေးပေးထားပြီးပြီ. နားဆွဲအတွက်ကတော့ အထူးတလည်တောင်းဆိုချင်တာမရှိပါဘူး. အရမ်းကြီးသာမာန်မဖြစ်ရင်ရပြီ. လက်စွပ်အကြီးအတွက်ကတော့ "ရွှီ"လို့ အထဲမှာရေးပေး. ကျန်တဲ့ကျောက်စိမ်းကိုတော့ ရှင်ကြိုက်တဲ့ပုံစံသာလုပ်လိုက်."

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now