အခန်း ၁၁

3.3K 460 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၁ ပထမဆုံးဝင်ငွေ

“ယွမ် 30000? ဘာနောက်နေတာလား? မိန်းကလေး ငါ ယွမ် 50000 ပေးမယ်.”

“ယွမ် 60000” နောက်ထပ်တစ်ယောက်က ဈေးထပ်ခေါ်လိုက်တယ်.

”ယွမ် 70000”

”ယွမ် 80000”

..............................

“ယွမ် 120000”

အားလုံးလဲ ရှော့ခ်ရသွားကြတယ်. မင်မင်းဆက်နဲ့ ချင်မင်းဆက်ရဲ့ ဖြူပြာကြွေထည်က အဲ့လောက်အများကြီးကျမတန်ဘူးလေ.

ကုနင်းလဲ ရှော့ခ်ရသွားပါတယ်. အခုဟာက သူမပထမဆုံးအကြိမ် ရှေးဟောင်းပစ္စည်းရောင်းတာပါ.

ပြီးတော့ ရှေးဟောင်းပစ္စည်းတွေက အရမ်းဈေးကြီးတာကို သူမသိထားပေမယ့်လဲ ဈေးနှုန်းတွေကတော့ သူမကို အံ့ဩစေတုန်းပါပဲ.

လက်ကောက်ရဲ့ စွမ်းအားက သိပ်မပြင်းတာကြောင့် ယွမ် 40000လောက်က အများဆုံးလို့ထင်ထားတာပါ.

သူ့မှာ သမိုင်းကြောင်းရှိတာကြောင့် ဒါဟာ ဖြုန်းတီးမှုသက်သက်မဟုတ်ပါဘူး.

ယွမ် 120000ဆိုတာ ကုနင်းအရင်ဘဝတုန်းကတော့ ဘာမှမဟုတ်ပါဘူး. ဒါပေမယ့် အခုတော့ တကယ့်ကို များပြားလွန်းလှတဲ့ပမာဏပါ.

နောက်ဆုံးတော့ ကုနင်းလဲ လက်ကောက်ကို ယွမ် 120000နဲ့ရောင်းလိုက်တယ်.

ဒီလောက်မြင့်တဲ့ ဈေးနှုန်းကြောင့် အားလုံးက အံ့အားသင့်နေကြတုန်းပဲ. တကယ့် ကျွမ်းကျင်သူတွေကတော့ ဒီလက်ကောက်ဟာ ဈေးထဲမှာရှိသင့်တာထက် ပိုပြီးအဖိုးတန်တယ်ဆိုတာ သိကြတယ်.

ကျိုးထားပြီးသားဆိုရင်တောင် မင်မင်းဆက်နဲ့ ချင်မင်းဆက်ရဲ့ ဖြူပြာကြွေထည်က အရမ်းကို ဈေးကြီးပါတယ်.

အခုခေတ်မှာ, မင်မင်းဆက်နဲ့ ချင်မင်းဆက်ရဲ့ ဖြူပြာကြွေထည်နဲ့ လုပ်ထားတဲ့ ပန်းကန်ပြားဆိုရင် ယွမ်သန်းနှင့်ချီ ပေးဝယ်ရတာပါ. ဒီလက်ကောက်ရဲ့ တန်ဖိုးဟာလဲ ဈေးထဲမှာပဲဖြစ်နေရင်တောင်မှ အနည်းဆုံး ယွမ် 200000အောက်မလျော့သင့်ပါဘူး.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Donde viven las historias. Descúbrelo ahora