အခန်း ၁၄၇

2.5K 236 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၄၇ ကုနင်းဘာလိုချင်တာလဲ?

ဘာသာပြန်သူ - Charm.Y

ပြီးတော့ ကုနင်းဘယ်လိုလက်စားပြန်ချေမယ်ဆိုတာကလဲ သူမစိတ်အပေါ်မူတည်ပါတယ်.

"နင်..." လီကျန်းကျန်းမျက်နှာ ဖြူဖျော့သွားကာ တစ်ကိုယ်လုံးလဲ တုန်ရီလာတယ်.

လီကျန်းကျန်း ကုနင်းနဲ့အတူရှိနေတာကို လီကျန်းယွီသတိထားမိသွားတာနဲ့ တစ်ခုခုဖြစ်နေပြီမှန်း သိသွားကာ ချက်ချင်းသူတို့ဆီလျှောက်သွားလိုက်တော့တယ်.

လီကျန်းယွီလျှောက်လာတာကို မြင်တော့ ကုနင်းလဲ အချိန်ဖြုန်းမနေတော့ပဲ ချက်ချင်းပြန်ထွက်လာခဲ့တယ်.

"ကျန်းကျန်း, သူနင့်ကို ဘာတွေပြောသွားတာလဲ?" လီကျန်းကျန်း ကြောက်ရွံ့နေတာကို မြင်တော့ လီကျန်းယွီစိုးရိမ်စွာနဲ့မေးလိုက်တယ်.

"သူပြောတာက သူ့ကို လုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ရမယ်တဲ့." လီကျန်းကျန်းပြောရင်းအသံတွေပါတုန်နေတယ်.

"သေစမ်း! ကုနင်း! သူဘာလိုချင်နေတာလဲ?" လီကျန်းယွီစိတ်မရှည်တော့ပါဘူး. လီကျန်းကျန်း ကုနင်းကို လုပ်ခဲ့တဲ့ကိစ္စက အရမ်းကြာနေပြီပေမယ့် ကုနင်းကတော့ အခုချိန်ထိဘာမှပြန်မလုပ်ခဲ့သေးပါဘူး. ပြီးတော့ လီကျန်းကျန်းကို လက်စားချေမယ့်အကြောင်းလဲ တွေ့တိုင်းခြိမ်းခြောက်နေသေးတယ်. ကုနင်းဘာကိုလိုချင်နေတာလဲ?

လီကျန်းကျန်းရော လီကျန်းယွီပါဖြစ်ခဲ့တဲ့ကိစ္စတွေအကြောင်း သူတို့အဖေကို ပြောမပြထားပါဘူး. သူတို့အဖေသိသွားမှာကိုလဲ မလိုချင်ပါဘူး.

မွေးနေ့ပွဲသည် ည၁၀နာရီတွင်ပြီးဆုံးသွားကာ ကုနင်းတို့အဖွဲ့လဲပြန်လာခဲ့တယ်.

ချင်ယီဖန်း ကုနင်းကို ကားနဲ့ ပြန်လိုက်ပို့ပေးချင်ပေမယ့် မလုပ်နိုင်တာကြောင့် ချင်ကျီရွှမ်းကိုသာ လုပ်ခိုင်းလိုက်ရတော့တယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now