အခန်း ၁၃၀

2.6K 239 1
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၃၀ ဘုန်းတန်ခိုးကြီးမားသော ကုနတ်ဘုရားမ

ဘာသာပြန်သူ - Charm.Y

ထိုအချိန်မှာပဲ ဗန်ကားထဲမှ ဆူညံသံတစ်သံကို ကြားလိုက်တာကြောင့် ကုနင်း သူချုပ်ထားတဲ့လူကို ချက်ချင်းပဲ ကန်ထုတ်လိုက်ကာ ဗန်ကားဆီသွားပြီး ကားတံခါးကို ဆွဲဖွင့်လိုက်တယ်.

ကားထဲမှာတော့ လူဆိုးတွေ ကုနင်းကို သူ့အကြောင်းပြောလိုက်မှာစိုးရိမ်နေတဲ့ လင်းယွဲ့ဟောင်က မတော်တဆ ဆူညံသံတစ်သံလုပ်မိသွားတာကြောင့် ကုနင်းရှာတွေ့သွားတယ်.

လင်းယွဲ့ဟောင်ကို ကုနင်းမြင်လိုက်တော့ နောက်ကွယ်ကလူကို မမေးပဲနဲ့တောင်သိသွားတယ်.

သူမ လင်းယွဲ့ဟောင်နဲ့ အကြိမ်များစွာတွေ့ဖူးပေမယ့် တခါမှပြဿနာမဖြစ်ခဲ့ဖူးဘူး. ဒီကိစ္စကို ကုရှောင်ရှောင်ကြောင့်လုပ်တာပဲဖြစ်ရမယ်.

ထိုလူဆိုးတွေ လင်းယွဲ့ဟောင်ကို သစ္စာဖောက်ခါနီးမှာပဲ သူကိုယ်တိုင် ရှာတွေ့ခံသွားရတာကြောင့် သူတို့ အသက်ရှူချောင်သွားတယ်. သူတို့ချင်းက ရင်းနှီးနေကြတဲ့လူတွေပါ. ဒါကြောင့် လင်းယွဲ့ဟောင်ကို သူတို့သစ္စာဖောက်ဖို့ရာ ခက်ခဲနေပေမယ့် သူတို့နဲ့ လင်းယွဲ့ဟောင်ကြားရွေးချယ်ရမယ်ဆိုရင်တော့ သေချာပေါက် သူတို့အသက်ကိုပဲရွေးမှာပေါ့.

"အမ်, ငါမဟုတ်ဘူးနော်, ကုရှောင်ရှောင်က ငါ့ကိုလုပ်ခိုင်းလို့ပါ. ငါ့ကိုခွင့်လွှတ်ပေးပါ. အပြစ်တင်မယ်ဆို သူ့ကိုသာတင်." လင်းယွဲ့ဟောင်ကလဲ လူဆိုးတစ်ယောက်ဖြစ်ပေမယ့် သတ္တိကြောင်သူတစ်ယောက်လဲဖြစ်တယ်. ခွန်အားကြီးတဲ့သူနဲ့သာရင်ဆိုင်ရရင် ချက်ချင်းကို အရှုံးပေးချလိုက်မှာပါ.

သူက သူ့ဝမ်းကွဲညီမကိုတောင် သစ္စာဖောက်နိုင်တာပဲ!

ကုနင်းအံ့အားသင့်သွားတယ်. ပြီးတော့ ဘယ်သူမှလဲ အခုချိန်မှာ ကုနင်းစိတ်ဆိုးအောင်သွားမလုပ်ရဲကြပါဘူး.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now