အခန်း ၉၆

2.6K 274 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၉၆ အခြောက်မဟုတ်ပါဘူး

"မဟုတ်ဘူး. ကျွန်မကိုယ်တိုင်ဝယ်ချင်တာပါ." အန်းကွမ်းယောင်နဲ့ ပူးပေါင်းဖို့အထိ ကုနင်းရည်ရွယ်ထားတာကြောင့် ဘာကိုမှ ဖုံးကွယ်မနေတော့ပါဘူး. ပြီးတော့ သူမအပေါ် ပိုပြီး လေးစားမှုရှိလာအောင် ရုပ်တည်လိုက်ရင်း,

"လူကြီးမင်းအန်း ကျွန်မက အရမ်းငယ်ပြီး ဘာမှမသိနားမလည်တဲ့ပုံပေါက်တာကြောင့် မယုံကြည်နိုင်မှန်းသိပါတယ်. ကျွန်မအရမ်းငယ်တာအမှန်ပါပဲ. ပြီးတော့ ဒီသဘောတူညီမှုက ယွမ်သန်းရာနဲ့ချီကျသင့်မှာ! ဘယ်လိုပဲဖြစ်ဖြစ် သဘောတူညီမှုစာချုပ်လုပ်တော့မယ်ဆိုကတည်းက ရှေ့နေတွေခေါ်ရဦးမယ်လေ. ပြီးတော့ စာချုပ်မှာ လက်မှတ်မထိုးမပြီးမချင်း အပေးအယူကဖြစ်မှာမဟုတ်ဘူးလေ. ဒီတော့ ကျွန်မဘက်က ဘာလို့ အကုန်အကျအများကြီးခံပြီး လူကြီးမင်းကို ထောင်ချောက်ဆင်ရမှာလဲ, ဟုတ်တယ်မလား?"

အန်းကွမ်းယောင် ကုနင်းကိုသာ စိုက်ကြည့်နေလိုက်ပြီး ဘာပြန်ပြောရမလဲမသိဖြစ်နေတယ်. ကုနင်းပြောတဲ့စကားတွေကို သူလက်ခံတာတာင်မှ ဒါက အမှန်လို့သိပ်မယုံကြည်နိုင်သေးဘူး.

အန်းကွမ်းယောင် ထိတ်လန့်နေစဲမှာပဲ ကုနင်းက စားပေါ်က စာရွက်တစ်ရွက်ကိုယူကာ နာမည်နဲ့ဖုန်းနံပါတ်ကိုရေးပြီး ကမ်းပေးလိုက်ကာ,

"လူကြီးမင်းအန်း, ဒါက ကျွန်မဖုန်းနံပါတ်ပါ. အခုက အချိန်လဲမရှိတော့ စကားအများကြီးပြောလို့အဆင်မပြေဘူး. ဒါပေမယ့် ဒီထက်ပိုပြီး ကျွန်မတို့စကားပြောကြည့်ပြီးရင်တော့ ရှင်ဆုံးဖြတ်ချက်ချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်. ကျွန်မ ဒီနေ့လည်နဲ့ မွန်းလွဲပိုင်းမှာအားတယ်."

အန်းကွမ်းယောင် စာရွက်ကိုယူလိုက်ပြီး,

"ကောင်းပြီ. ကျုပ်စဉ်းစားလိုက်ပါ့မယ်."

တကယ်တော့ အန်းကွမ်းယောင် စိတ်ထဲလက်ခံပြီးနေပါပြီ. သူ့ကို တခြားဝယ်သူတွေက အရမ်းဈေးနှိမ်ထားကြတာဖြစ်တယ်. သူရောင်းဖို့သဘောတူလိုက်မယ်ဆိုရင် ငွေအမြောက်အမြားဆုံးရှုံးရမှာပါ.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now