အခန်း ၁၁၀

2.6K 247 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်
အခန်း ၁၁၀ ကျောက်စိမ်းဖြတ်ခြင်း

"နင်လုပ်တာဆိုလို့ ငါတို့ကိုအပြစ်လာတင်တာပဲရှိတယ်. ငါတို့ဘာများမှားနေလို့လဲ? အခုကစပြီး ငါတို့နဲ့ကောင်းကောင်းဆက်ဆံရင်ပိုကောင်းမယ်. မဟုတ်ရင် ငါတို့မောင်နှမအဖြစ် ဆက်သတ်မှတ်မှာမဟုတ်တော့ဘူး!"
ပြီးတာနဲ့ ကုချင် ကုချင်းယန်ရဲ့ဖုန်းကို ချလိုက်တယ်.

ကုချင်းယန်ကတော့ သူ့ဖုန်းကို ပေါက်ခွဲပစ်မိတော့မတတ် ဒေါသထွက်သွားတယ်. ကုချင် သူ့ကိုဒီလိုမျိုး လျစ်လျူရှုတာကို လုံးဝလက်မခံနိုင်ဘူး. ကုချင်းယန်က အမြဲတမ်း သူသည် ကုချင်ထက်သာလွန်တယ်လို့တွေးနေခဲ့တယ်. သူကမှ မှားနေတဲ့လူဖြစ်တယ်ဆိုတာကိုတော့ ဘယ်တုန်းကမှ သတိမထားမိခဲ့ဘူး.

သူတို့က မောင်နှမတွေဖြစ်တယ်ဆိုရင်တောင် ကုမန့်နဲ့ ကုချင်တို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စထဲ ဝင်စွက်ဖက်ခွင့်မရှိပါဘူး. ဒါပေမယ့် သူတို့က သူတို့ညီမအစ်မတွေထက် ပိုချမ်းသာတယ်လို့တွေးနေတာကြောင့် သူမတို့ကို သူတို့လိုသလိုထိန်းချုပ်ခွင့်ရှိတယ်လို့ ယုံကြည်နေကြတယ်.

ကုချင်းယန် ကုချင်ကို ဖုန်းထပ်ခေါ်ခဲ့ပေမယ့် သူမဘက်က မကိုင်ခဲ့ပါဘူး.
.........

ရှေးဟောင်းလမ်းကို လျှောက်နေရင်း ကုနင်းသူမရဲ့ ကျောက်စိမ်းမျက်ဝန်းအစွမ်းကိုထုတ်ဖော်ထားတယ်. ပစ္စည်းတော်တော်များများက အရင်အပတ်ကနဲ့အတူတူပါပဲ. ပစ္စည်းအသစ်က အနည်းအကျဉ်းသာရှိပြီး အများစုကတော့ အတုတွေပါ.

အများစုက အတုလို့ဆိုရင်တောင် သူတို့က ရှေးဟောင်းပစ္စည်းအစစ်တော့ဟုတ်ပါသေးတယ်. ဒါ့အပြင် ကုနင်း ပြန်လည်မွေးဖွားလာကတည်းက ကံတွေအတော်ကောင်းနေပါသေးတယ်.

ခနနေတော့ လမ်းတစ်ဝက်လောက်မှာ စွမ်းအင်ရှိတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို ကုနင်းရှာတွေ့သွားတယ်. ၎င်းကတော့ ပုံပျက်ပြီး ညစ်ပတ်နေတဲ့ လက်ဖက်ရည်အိုးတစ်အိုးပါ. သူက ကြီးပြီး သာမာန်ဆန်ကာ ဆွဲဆောင်မှုလဲမရှိပါဘူး. ကုနင်းသာ ၎င်းမှာ စွမ်းအင်ရှိနေတာကို သတိမပြုခဲ့ဘဲ အစစ်ဆိုတာလဲ မသိခဲ့ရင် ဒါကို ဆုံးရှုံးခဲ့ရမှာပါ.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now