အခန်း ၇၁

2.8K 327 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၇၁ ရှင်ပြန်ပေးဆပ်စေရမယ်

"တောင်းပန်ပါတယ်, ငါအလုပ်စရာကိစ္စရှိသေးလို့ မင်းသူငယ်ချင်းတွေနဲ့ပဲသွားလိုက်လေ." ချင်ယီဖန်းပြန်ပြောလိုက်တယ်. ဒါကတော့ သူ့ရဲ့ငြင်းနေကြ အရိုးရှင်းဆုံးနည်းလမ်းပါပဲ.

"ညီမ အကို့ကို ရုပ်ရှင်ကြည့်ဖို့ဖိတ်တိုင်း အလုပ်များနေတယ်ဆိုတာကြီးပဲ." လီကျန်းကျန်း အစကတည်းက ဒီလိုမျိုးအဖြေနဲ့ပဲ အဆုံးသတ်မယ်ဆိုတာ ကြိုသိထားပေမယ့်လဲ တကယ်တမ်းကြားလိုက်ရတော့ ရင်ထဲမှနာကျင်လာရတယ်.

သူမမှာ အရည်အချင်းကောင်းတွေရှိနေတာတောင် သူဘာလို့ဒီလောက်ထိ အေးစက်နိုင်ရတာလဲ?

လီကျန်းကျန်းသည် လှပပြီးဆွဲဆောင်မှုရှိကာ ချမ်းသာတဲ့မိသားစုမှ ပညာတတ်မိန်းမတစ်ယောက်ဖြစ်တယ်. သူမမှာ ယောက်ျားတစ်ယောက်က မိန်းမှတစ်ယောက်ဆီမှမျှော်လင့်ထားတဲ့ လိုအပ်ချက်တွေအကုန်ရှိနေတယ်. ပြီးတော့ သူမကို သဘောကျနေတဲ့သူတွေလဲ မရေမတွက်နိုင်အောင်ရှိရဲ့သားနဲ့ ချင်ယီဖန်းကကျ ဘာလို့ထိုထဲတွင် မပါရတာလဲ.

သူမ ချင်ယီဖန်းရဲ့ ညီမလေးလဲမဖြစ်ချင်သလို ချစ်သူလဲမဖြစ်ချင်ပါဘူး. သူ့ရဲ့ဇနီးမယားတစ်ယောက်သာဖြစ်ချင်တာပါ.

"ယီဖန်း..." လီကျန်းကျန်းထပ်ပြောချင်ပေမယ့် သူမဖုန်းကမြည်လာခဲ့တယ်.

လီကျန်းကျန်းရဲ့ဖုန်းက စားပွဲပေါ်မှာတင်ထားတာဖြစ်ပြီး ခေါ်ဆိုသူက လျို့ဖြစ်တာကြောင့် သူမခနလောက်စိတ်လှုပ်ရှားသွားကာ ပြီးနောက်တော့ ပျော်ရွှင်သွားတယ်.

"အမ်.. ညီမဖုန်းသွားဖြေလိုက်ဦးမယ်နော်." လီကျန်းကျန်း သူမဖုန်းကို ချက်ချင်းကောက်ယူလိုက်ကာ ထိုင်ရာကနေ ထထွက်သွားလိုက်တယ်. သူမတို့ပြောတာတွေ ချင်ယီဖန်းကြားသွားမှာစိုးရိမ်လို့ပါ.

လီကျန်းကျန်း အပြင်ကိုပြေးထွက်လိုက်ပြီးနောက် ဖုန်းကိုဖြေလိုက်တယ်. သူမစိတ်တွေအရမ်းလှုပ်ရှားနေတာကြောင့် တဖက်ကမပြောရသေးခင်မှာပဲ အရင်ဦးစွာမေးလိုက်တယ်,

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now