အခန်း ၉

3.2K 406 5
                                    

[Zawgyi]

အခန်း ၉ ရှေးဟောင်းပစ္စည်းဈေး

သူမရဲ့လည်ပင်းမှာတော့ ကျောက်စိမ်းပွင့်ကြီးကြီးတစ်ခုပါတဲ့ ပလက်တီနမ်ဆွဲကြိုး တစ်ကုံးကိုဆွဲထားတယ်.

ပြီးတော့ လျစ်လျူရှုဖို့တောင်မဖြစ်နိုင်အောင်ကြီးမားလွန်းတဲ့ ရွှေနားကပ်တွေကိုလဲ ဝတ်ထားတယ်.
သူမက သူမရဲ့ချမ်းသာမှုအားလုံးကို ထုတ်ဖော်ပြထားတာပဲ.

ထိုအချိန်မှာ ကုနင်းလဲ မထိန်းနိုင်တော့ပဲ လှောင်ရယ်မိသွားတယ်.

ထိုမိန်းကြီးရဲ့ မျက်နှာထားက ဒေါသကြောင့်အနည်းငယ်ပြောင်းလဲသွားပြီး
မင်းက ဘာကိုရယ်တာလဲ?

သေချာပေါက် ရှင့်ကြောင့်ပေါ့ ရှင်အရမ်းချမ်းသာနေရင် ဘာလို့ ဒီလိုဈေးပေါတဲ့ ကျောက်စိမ်းလက်ကောက်အတုကို ဝတ်ထားတာလဲ?
ကုနင်းလဲ ပွင့်ပွင့်လင်းလင်းပဲ ပြန်ပြောလိုက်တယ်.

ဟုတ်ပါတယ်. ထိုမိန်းမကြီး ဝတ်ထားတဲ့ လက်ကောက်နဲ့ လည်ဆွဲက ကျောက်စိမ်းဟာ အတုကြီးပါ. ကုနင်းက ထိုကျောက်စိမ်းတွေနေ စွမ်းအားစုပ်ယူဖို့တွေးထားပေမယ့် အတုတွေဖြစ်နောကြောင့် သူမအကြံတွေ ကျရှုံးသွားပါတယ်.

ရွှေအကြောင်းကိုတော့ ကုနင်းလဲ သိပ်မသိပါဘူး ဒါပေမယ့် လက်စွပ်က ကျောက်စိမ်းကတော့ အစစ်ပါ.

ထိုမိန်းမကြီး သူမကျောက်စိမ်းတွေက အစစ်မဟုတ်ဘူးဆိုတာ မသိမှန်း ကုနင်းသိပေမယ့် တမင်ပြောလိုက်တာပါ.

ထိုသူက စိတ်ရှည်တဲ့သူလဲမဟုတ်တာကြောင့် ဘယ်လိုမှတိတ်တိတ်နေမှာမဟုတ်ပါဘူး.

မင်း ဘာပြောလိုက်တယ်? သူမစိတ်လဲတိုသွားသလို ရှက်လဲရှက်သွားခဲ့တယ်.

ဒီရတနာတွေက သူမရဲ့ အလွန်ချမ်းသာလှသော ယောက်ျားဖြစ်သူဆီမှပါ.
ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ

ပြီးတော့ သူမရှေ့မှာရှိနေတာက ဆင်းရဲ့ပြီး ဘာမှမသိတဲ့သူတစ်ယောက်လေ.

မင်း ပါးစပ်ပိတ်ထားစမ်း မင်းကသပ်သပ် မနာလိုဖြစ်နေတာပဲ

ကုနင်းကတော့ အေးဆေးပါပဲ.

ယုံချင်ယုံ မယုံချင်နေပါ. ရတနာဆိုတိုင်းမှာ ရာပြတ်တွေရှိနေတာပဲ. ကိုယ့်ဘာသာ စမ်းခိုင်းလို့ရတယ်. ဒါဆို သွားခွင့်ပြုပါဦး ကျွန်မမှာလုပ်စရာလေးရှိသေးလို့.
ကုနင်း ပြောပြီးတာနဲ့ လှည့်ထွက်သွားတယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Where stories live. Discover now