အခန်း ၁၃၄

2.5K 224 0
                                    

[Zawgyi]
ဖီးနစ်သွေးစက်

အခန်း ၁၃၄ ကုနတ်ဘုရားမဆိုတာဘယ်သူလဲ?

ဘာသာပြန်သူ - Charm.Y

ခေါင်းစဉ်တွေကို ဖတ်ပြီးကတည်းက ကျူးကျန့်မှာ အသက်ရှူပင်မမှန်နိုင်လောက်အောင် ဒေါသထွက်သွားတယ်. ပြီးတော့ သူ့ရဲ့အေးစက်တဲ့အကြည့်တွေက ကုရှောင်ရှောင်ပေါ်ကျရောက်သွားတာကြောင့် ကုရှောင်ရှောင် ကြောက်ရွံ့တုန်လှုပ်သွားပြီး ဝမ်ချန်းချီတောင် နည်းနည်းလန့်သွားတယ်.

ကုနင်းနဲ့ ချူးဖေ့ဟန် နှစ်ယောက်သာ ကျူးကျဲ့အကြည့်ကြောင့် ဘာမှမခံစားလိုက်ရတာ.

ဖြစ်ခဲ့တာတွေသာ တကယ်အစစ်အမှန်ဆိုရင် ကုရှောင်ရှောင်တော့ ပြဿနာအကြီးကြီးတက်ပြီပဲ. ဘာတွေဖြစ်ခဲ့လဲသေချာသိရအောင် သတင်းတွေအောက်မှာပါတဲ့ ဗီဒီယိုတွေကို ကျူးကျဲ့ ဖွင့်ကြည့်လိုက်တယ်.

ထိုဗီဒီယိုထဲတွင် ကုနင်းတစ်ယောက်ထဲ ယောက်ျားကြီး၅ယောက်ကိုတိုက်ခိုက်နေတာမြင်တော့ ကျူးကျဲ့အံ့အားသင့်သွားတယ်.

ဗီဒီယိုအားလုံးကို ကျူးကျဲ့ကြည့်လို့မပြီးသေးခင်မှာပဲ အခန်း ၂ နဲ့ အခန်း ၄ ရဲ့ အတန်းပိုင်တွေရောက်လာပေမယ့် ကျူးကျဲ့ကြည့်နေတာကို ဝင်မနှောင့်ယှက်ပါဘူး.

အခန်း ၂ရဲ့ အတန်းပိုင်က အသက်၃၀အရွယ် ဆရာတစ်ယောက်ဖြစ်ပြီး နာမည်ကတော့ ကျန်းယွမ်ပါ. သူက ဗီဒီယိုကိုမကြည့်ရသေးတာကြောင့် အသေးစိတ်အခြေနေကိုမသိသေးပါဘူး. သူသိထားတာဆိုလို့ ချူးဖေ့ဟန်က ကုရှောင်ရှောင်ကို ပါးရိုက်လိုက်တယ်ဆိုတာပါပဲ. ချူးဖေ့ဟန် တခြားကျောင်းသားတွေနဲ့တိုက်ခိုက်ရတာ ဘာလို့ ဒီလောက်ဝါသနာပါနေမှန်း သူနားမလည်နိုင်ဘူး. သူမကိုယ်တိုင်က ပြောင်းလဲချင်စိတ်ရှိမှပဲရတော့မယ်.

ထို့ထက် ကျောင်းတွင် ကျောင်းအုပ်ကြီး, ကျူးကျဲ့နဲ့ ကျန်းယွမ်တို့ ချူးဖေ့ဟန်ရဲ့နောက်ခံကို သိထားသူတွေဖြစ်တယ်. ကျောင်းအုပ်ကြီးက ချူးဖေ့ဟန်ကို စိတ်အနှောင့်အယှက်မပေးဘဲ အတန်းတွေခနခနပျက်နေရင်တောင် လျစ်လျူရှုထားပေးဖို့ ကျန်းယွမ်ကိုပြောထားပါတယ်.

ဖီးနစ်သွေးစက် Book - 1(MMTranslation)Où les histoires vivent. Découvrez maintenant